ပန်းမှာသုံးပွင့်
စီရီပွင့်
ပန်ခွင့်မကြုံရ။
ဖြစ်ရာဘဝ
ကျင်လည်ရ
များလှဒုက္ခရောက်။
ဖြစ်လိုက်ပျက်လိုက်
ဘဝဆက်
မျက်ရည်စက်တွေများလှပြီ။
ဓမ္မစည်ကြီး
ရိုက်ဆော်တီး
မည်ဟီးဘဝဂ်တိုင်။
ကိလေသာနား
ပိတ်၍ထား
တို့ များမကြားနိုင်။
မကြားဘိသော်
ပန်းရိရော်
ဟစ်အော်ညည်း၍မှိုင်။
ပန်းပွင့်သုံးပွင့်
ပန်ဆင်ခွင့်
လွဲလို့ ကျန်ခဲ့ပြီ။
ပွင့်ခဲ့သောပန်း
မခြောက်နွမ်း
မွှေးမှတော်ကြမည်။
မေတ္တယျပန်း
ဦးထိပ်မှန်း
ဆင်မြန်းဖို့ ရန်ရည်။
စိတ္တသုခကာယသုခပြည့်စုံကြပါစေ.....ညီညွတ်ညိန်း
စာ
Tuesday, 17 September 2013
Sunday, 15 September 2013
ဧရာဝတီလွမ်းချင်း
မြစ်တစ်ရိုး ကံဆိုးတယ်တဲ့
မင်းတို့ မြစ်ဆုံ ရေနဒီ
ဝေရီလမ်းမှာလ လေနီကြမ်းရယ်က
သန်းဝိုက်လို့ မှုံ အိုမြစ်ဆုံ
မေခမလီခ မြစ်နှစ်သွယ်ခလို့ 
ဧရာဝတီရယ်လို့  မြစ်မင်းဧရာ
ဖြစ်လာရပေ အလှပတွေစုံ
မြစ်ယံကြောတစ်လျောက်
တောင်တန်းတောင်စွယ်
ထပ်ထပ်ရစ်ခွေ။
မြန်ပြည်အတွက် ဧရာရှိမှ
ပီပြင်လှပ ကြည်လင်လှ
မြန်ပြည်တစ်ခွင် တို့ သွေးချွေးနဲ့ 
တည်ဆောက်ခဲ့တာ ပြည်ပရောက်ဖို့ လား
ငါတို့ လက်ဖဝါးတွေ ချွေးစက် သွေးစက်
မပျောက်သေး နီလျက်သာထွေ။
ဧရာပျက်ရင် မြန်ပြည်တွက်
မဲ့လှဓိပ္ပါယ် ဖြစ်ရရှာမယ်
မြန်ပြည်နဲ့ ဧရာ ဧရာနဲ့ မြန်ပြည်
ခွဲခြားမရ တိုးဘိုဘွားမွေနှစ်
ဖြုန်းတာများလှ အားရပါလေ
အိုအဆွေတို့ ။
စိတ္တသုခကာယသုခပြည့်စုံကြပါစေ.....ညီညွတ်ညိန်း
မင်းတို့ မြစ်ဆုံ ရေနဒီ
ဝေရီလမ်းမှာလ လေနီကြမ်းရယ်က
သန်းဝိုက်လို့ မှုံ အိုမြစ်ဆုံ
မေခမလီခ မြစ်နှစ်သွယ်ခလို့ 
ဧရာဝတီရယ်လို့  မြစ်မင်းဧရာ
ဖြစ်လာရပေ အလှပတွေစုံ
မြစ်ယံကြောတစ်လျောက်
တောင်တန်းတောင်စွယ်
ထပ်ထပ်ရစ်ခွေ။
မြန်ပြည်အတွက် ဧရာရှိမှ
ပီပြင်လှပ ကြည်လင်လှ
မြန်ပြည်တစ်ခွင် တို့ သွေးချွေးနဲ့ 
တည်ဆောက်ခဲ့တာ ပြည်ပရောက်ဖို့ လား
ငါတို့ လက်ဖဝါးတွေ ချွေးစက် သွေးစက်
မပျောက်သေး နီလျက်သာထွေ။
ဧရာပျက်ရင် မြန်ပြည်တွက်
မဲ့လှဓိပ္ပါယ် ဖြစ်ရရှာမယ်
မြန်ပြည်နဲ့ ဧရာ ဧရာနဲ့ မြန်ပြည်
ခွဲခြားမရ တိုးဘိုဘွားမွေနှစ်
ဖြုန်းတာများလှ အားရပါလေ
အိုအဆွေတို့ ။
စိတ္တသုခကာယသုခပြည့်စုံကြပါစေ.....ညီညွတ်ညိန်း
ကြိုးကြာအားမာန်
အတောင်ကိုဖြန့် ရင်း
လေကိုဆန်တက်ခါ
ပျံသန်းတက်ရသောကြိုးကြာ
မိုင်ထောင်ချီခရီးကြမ်း
မညည်းမညူပဲ
သူအတောင်တစ်စုံနဲ့ 
လေဟုန်ကိုခွဲထွက်ပြီး
လိုရာအရပ်ကိုသူခရီးဆက်
တောင်ပံတစ်ချက်ခတ်တိုင်း
အားပြတ်တယ်ဆိုတာမရှိပါဘူး
ဇွဲလုံးလနဲ့ သာခရီးဆက်နှင်တာပါ
လေတွေတိုက်လိုက်တိုင်း
ပန်းတွေကြွေကျရရင်
ပန်းပွင့်ဆိုတာ
ကျန်ပါဦးမလား
ရေတွေတိုက်စားလို့ 
မြေပြိုကျရင်
မြေကြီးဆိုတာကျန်ပါဦးမလား
မပြီးသေးတဲ့ခရီးတွက်
ကြိုးကြာငှက်လိုအတောင်ခတ်တိုင်း
အားတက်ပြီးခရီးမဆက်နိုင်ဘူးလား
ပတ်ဝန်ကျင်ဆိုတဲ့လေကိုကြောင်ရင်
နေစရာနေရာဘယ်မှာရှိမလဲ
လောကဓံကိုကြောက်နေရင်
ကြိုးကြာငှက်လိုမိုင်ထောင်ချီခရီး
ပျံသန်းနိုင်ပါဦးမလား
ဝမ်းနည်းစရာတွေ့ တိုင်း
မျက်ရည်ကျရပ်ရင်
ဘယ်မှာမျက်ရည်ကျန်မည်နည်း
ကြိုးကြာငှက်လေကိုဆန်ရလို့ 
အတောင်ညောင်းနောက်ကြောင်း
ပြန်လှည့်ခြင်းဆိုတာမရှိဘူးနော်
ဘဝရှေ့ ဆက်ခရီးတွက်အားမာန်နဲ့ 
သူခရီးဆက်တာကြိုးကြာအားမာန်
အတုယူရန်..............
စိတ္တသုခကာယသုခပြည်စုံကြပါစေ.....ညီညွတ်ညိန်း
လေကိုဆန်တက်ခါ
ပျံသန်းတက်ရသောကြိုးကြာ
မိုင်ထောင်ချီခရီးကြမ်း
မညည်းမညူပဲ
သူအတောင်တစ်စုံနဲ့ 
လေဟုန်ကိုခွဲထွက်ပြီး
လိုရာအရပ်ကိုသူခရီးဆက်
တောင်ပံတစ်ချက်ခတ်တိုင်း
အားပြတ်တယ်ဆိုတာမရှိပါဘူး
ဇွဲလုံးလနဲ့ သာခရီးဆက်နှင်တာပါ
လေတွေတိုက်လိုက်တိုင်း
ပန်းတွေကြွေကျရရင်
ပန်းပွင့်ဆိုတာ
ကျန်ပါဦးမလား
ရေတွေတိုက်စားလို့ 
မြေပြိုကျရင်
မြေကြီးဆိုတာကျန်ပါဦးမလား
မပြီးသေးတဲ့ခရီးတွက်
ကြိုးကြာငှက်လိုအတောင်ခတ်တိုင်း
အားတက်ပြီးခရီးမဆက်နိုင်ဘူးလား
ပတ်ဝန်ကျင်ဆိုတဲ့လေကိုကြောင်ရင်
နေစရာနေရာဘယ်မှာရှိမလဲ
လောကဓံကိုကြောက်နေရင်
ကြိုးကြာငှက်လိုမိုင်ထောင်ချီခရီး
ပျံသန်းနိုင်ပါဦးမလား
ဝမ်းနည်းစရာတွေ့ တိုင်း
မျက်ရည်ကျရပ်ရင်
ဘယ်မှာမျက်ရည်ကျန်မည်နည်း
ကြိုးကြာငှက်လေကိုဆန်ရလို့ 
အတောင်ညောင်းနောက်ကြောင်း
ပြန်လှည့်ခြင်းဆိုတာမရှိဘူးနော်
ဘဝရှေ့ ဆက်ခရီးတွက်အားမာန်နဲ့ 
သူခရီးဆက်တာကြိုးကြာအားမာန်
အတုယူရန်..............
စိတ္တသုခကာယသုခပြည်စုံကြပါစေ.....ညီညွတ်ညိန်း
Thursday, 12 September 2013
တော်သလင်း
ကန်ရာသီချိန်တွင်းပေမို့ 
ရွှေယင်းမာငုံ
မြိုင်ဟေဝန်နန်းက
သုတ်ဖျန်းလေယူဖြန့် 
သင်းပျံ့ ပျံ့ ထုံ။
မိုးတစ်ခြိမ့်ခြိမ့်
တစ်လိမ့် လိမ့်ဆွေ
မြစ်ရေယဉ်မြူး
သာဆန်းထူး။
လှေလှော်သဘင်
မြစ်ယံကြော
နွှဲကြချိန်ခါ
ကမ်းတစ်ဖက်
လျှမ်းတက်ညံ
အာပေးသံမစဲ
လှေလှော်ပွဲ။
စိတ္တသုခကာယသုခပြည့်စုံကြပါစေ.....ညီညွတ်ညိန်း
ရွှေယင်းမာငုံ
မြိုင်ဟေဝန်နန်းက
သုတ်ဖျန်းလေယူဖြန့် 
သင်းပျံ့ ပျံ့ ထုံ။
မိုးတစ်ခြိမ့်ခြိမ့်
တစ်လိမ့် လိမ့်ဆွေ
မြစ်ရေယဉ်မြူး
သာဆန်းထူး။
လှေလှော်သဘင်
မြစ်ယံကြော
နွှဲကြချိန်ခါ
ကမ်းတစ်ဖက်
လျှမ်းတက်ညံ
အာပေးသံမစဲ
လှေလှော်ပွဲ။
စိတ္တသုခကာယသုခပြည့်စုံကြပါစေ.....ညီညွတ်ညိန်း
Thursday, 5 September 2013
ကိုလူပျိုနဲ့ လယ်တောသူ
ရှစ်တိုင်းတစ်ခွင် အုံ့ ကာဆိုင်း
မှိုင်းလို့ ရီမှောင် ညိုရောင်ဖြာသန်း
လျှပ်နွယ်လျှပ်ပန်း အာကာလန်းပ
ဆန်းလရာသီ ပန်းခတ္တာ
ဝတ်မှုံပျံ့ သင်း ပျိုတိုင်းဆင်ခြင်
မဆင်နဲ့ ပျို ပန်းညှိုးမပေါ့။
လူပျို။ ။နားဆင်ကွယ် နားဆင်
မောင်အိုးစည်ဗုံမောင်း မိုးထက်သို့ လွှမ်း
နားကပ်ဆင်လေ့။
ကောက်စိုက်သမလေး။ ။ချစ်ပါတဲ့ကြိုက်ပါ လူပျိုတွေ
လယ်ကန်သင်းက ပျင်းတိုင်းလာ
မချစ်နိုင်ပါလေ မကြိုက်နိုင်ပါလေ
နှမငယ်လေး ကိုယ်မအား
ရဲစားနှင့်လေး။
လူပျို။ ။ဝါဝါသနပ်ခါးခေါက်ကိုလ
ကျောက်ပြင်ထက်တင်
လယ်ကွင်းပြင်ဘက်
သနပ်ခါးနှစ်ကိုလ
သွေးခြယ်ကာ အလှဆင်။
ကောက်စိုက်သမလေး။ ။လယ်ကန်းသင်းဘောင်ပေါ်ရိုးက
ကိုလူပျိုတို့ ရေ....
မင်းမိန်းမ ကလေးတွေဆီ
ပြန်ပါတော့လေ
မျက်စိကို ဆံပင်မွေးစူး
စူးလှပေါ့လေး။
လူပျို။ ။ပူလှတဲ့နေရောင်
ဝါခေါင်ပေမို့  တော်ပါသေး
နှမလေးကိုယ်ပေါ် ရက်စက်စွာကျ
ရင်မှမဖြေနိုင် ကောက်စိုက်တဲ့ပွဲ။
ကောက်စိုက်သမလေး။ ။လယ်ကန်သင်းက ကိုလူပျို
အကြင်နာတွေပို ချိုသာတဲ့စကား
ညှင်သာစွာဆိုလေသလား ကိုယ်ပေါ်ခြုံလွှာ
အုပ်မိုးပေးပါတော့လား။
လူပျို။ ။မေတွက်ငြင်းသာဘူး
အသက်ပင်သေစေ မှု ပါဘူး
ဘုန်းမောင်သက်သေ လက်ရုံးရည်ပြမည်
ကြည့်ပါတော့ကွယ်။
ကောက်စိုက်သမလေး။ ။ပြောတိုင်းတော့မယုံပေါင်
တစ်ချုံကွယ် တစ်မယ်မေ့တာမို့ 
အိုကွယ်...နှမလေးမှာဖြင့်
ယုံရဲသေးဘူး။
လူပျို။ ။တစ်ယောက်တစ်သက်မို့ 
နောက်ထပ်မလာ မေတွက်ရည်စူး
အလှူထူးကို ပြုထားတယ်လေ။
ကောက်စိုက်သမလေး။ ။ဘဝသမားမို့  စိတ်ကူးယဉ်မအား
လယ်ကန်သင်းက ကိုလူပျို
ပြန်ပါတော့လား။
လူပျို+ကောက်စိုက်သမလေး။ ။ချစ်စရာပွဲမို့  နွှဲ့ ပျော်စရာ
တို့ ရိုးရာ အမွေနှစ်မို့ 
သွေမပစ်ပါလေ တို့ တစ်တွေအတူနွှဲ့ 
ကောက်စိုက်တဲ့ပွဲ။
စိတ္တသုခကာယသုခပြည့်စုံကြပါစေ.....ညီညွတ်ညိန်း
မှိုင်းလို့ ရီမှောင် ညိုရောင်ဖြာသန်း
လျှပ်နွယ်လျှပ်ပန်း အာကာလန်းပ
ဆန်းလရာသီ ပန်းခတ္တာ
ဝတ်မှုံပျံ့ သင်း ပျိုတိုင်းဆင်ခြင်
မဆင်နဲ့ ပျို ပန်းညှိုးမပေါ့။
လူပျို။ ။နားဆင်ကွယ် နားဆင်
မောင်အိုးစည်ဗုံမောင်း မိုးထက်သို့ လွှမ်း
နားကပ်ဆင်လေ့။
ကောက်စိုက်သမလေး။ ။ချစ်ပါတဲ့ကြိုက်ပါ လူပျိုတွေ
လယ်ကန်သင်းက ပျင်းတိုင်းလာ
မချစ်နိုင်ပါလေ မကြိုက်နိုင်ပါလေ
နှမငယ်လေး ကိုယ်မအား
ရဲစားနှင့်လေး။
လူပျို။ ။ဝါဝါသနပ်ခါးခေါက်ကိုလ
ကျောက်ပြင်ထက်တင်
လယ်ကွင်းပြင်ဘက်
သနပ်ခါးနှစ်ကိုလ
သွေးခြယ်ကာ အလှဆင်။
ကောက်စိုက်သမလေး။ ။လယ်ကန်းသင်းဘောင်ပေါ်ရိုးက
ကိုလူပျိုတို့ ရေ....
မင်းမိန်းမ ကလေးတွေဆီ
ပြန်ပါတော့လေ
မျက်စိကို ဆံပင်မွေးစူး
စူးလှပေါ့လေး။
လူပျို။ ။ပူလှတဲ့နေရောင်
ဝါခေါင်ပေမို့  တော်ပါသေး
နှမလေးကိုယ်ပေါ် ရက်စက်စွာကျ
ရင်မှမဖြေနိုင် ကောက်စိုက်တဲ့ပွဲ။
ကောက်စိုက်သမလေး။ ။လယ်ကန်သင်းက ကိုလူပျို
အကြင်နာတွေပို ချိုသာတဲ့စကား
ညှင်သာစွာဆိုလေသလား ကိုယ်ပေါ်ခြုံလွှာ
အုပ်မိုးပေးပါတော့လား။
လူပျို။ ။မေတွက်ငြင်းသာဘူး
အသက်ပင်သေစေ မှု ပါဘူး
ဘုန်းမောင်သက်သေ လက်ရုံးရည်ပြမည်
ကြည့်ပါတော့ကွယ်။
ကောက်စိုက်သမလေး။ ။ပြောတိုင်းတော့မယုံပေါင်
တစ်ချုံကွယ် တစ်မယ်မေ့တာမို့ 
အိုကွယ်...နှမလေးမှာဖြင့်
ယုံရဲသေးဘူး။
လူပျို။ ။တစ်ယောက်တစ်သက်မို့ 
နောက်ထပ်မလာ မေတွက်ရည်စူး
အလှူထူးကို ပြုထားတယ်လေ။
ကောက်စိုက်သမလေး။ ။ဘဝသမားမို့  စိတ်ကူးယဉ်မအား
လယ်ကန်သင်းက ကိုလူပျို
ပြန်ပါတော့လား။
လူပျို+ကောက်စိုက်သမလေး။ ။ချစ်စရာပွဲမို့  နွှဲ့ ပျော်စရာ
တို့ ရိုးရာ အမွေနှစ်မို့ 
သွေမပစ်ပါလေ တို့ တစ်တွေအတူနွှဲ့ 
ကောက်စိုက်တဲ့ပွဲ။
စိတ္တသုခကာယသုခပြည့်စုံကြပါစေ.....ညီညွတ်ညိန်း
Tuesday, 3 September 2013
ပန်းကလေးသို့ ....
ဖူးစငုံစ အလှစချိန်
ပုရစ်ဖူးသဖွယ် မြင်သူရှုငေး
သူအလှလေး။
ထိုမှတစ်ဖန် ပွင့်လွှာပွင့်ဖတ်
တစ်ထပ်တစ်ထပ် ရစ်ပတ်လာလည်း
သူကလှမြဲ။
ပွင့်လွှာစုံချိန် အလှမာန်တင့်
ဂုဏ်ယူဝင့်ကြွား မြင်သူများလည်း
ခူးယူပန်ဆင် မြတ်နိုးချင်
ဝတ်ရည်စုတ်လူး ပျားဘီလူးနှင့်
လိပ်ပြာရောထွေး သူဘေးလေးမှာ
ကြယ်ရောင်ခသည့် လမင်းသဖွယ်
အလှတွေကြွယ်။
ကိုယ်မှာဥယျာဉ်မှုး ပန်းမခူးရဘူး
ရှေးကအစဉ်လာ ထားရှိခဲ့တော့
သနားစရာဖြစ်အင် ပန်းကိုမြင်လျက်
ပန်ဆင်ချင်လျက်နဲ့ ဝေး။
တစ်သက်တစ်ညှာ တစ်ညှာတစ်ပွင့်
ထာဝစဉ်စွဲရစ် ရင်နင့်အောင်မွှေး
တွယ်တာနှောင်ကြိုး ဖြေရန်ခက်ခက်
အထပ်ထပ်ချည် နှောင်တွယ်လေပြီ။
သော်တာကိုငေး ကြည့်နေရုံလေး
ကျေနပ်နေရ သည်ဘဝမို့ 
ပန်းကလေးအလိုကျ ရီပြငိုပြ
ဥယျာဉ်မှုးတို့ ထုံး နှလုံးမူလျက်
အပြုံးမပျက်သာ ချစ်လှက်နေပါမည်
ပန်းကလေးရေ..........
စိတ္တသုခကာယသုခပြည့်စုံကြပါစေ.....ညီညွတ်ညိန်း
ပုရစ်ဖူးသဖွယ် မြင်သူရှုငေး
သူအလှလေး။
ထိုမှတစ်ဖန် ပွင့်လွှာပွင့်ဖတ်
တစ်ထပ်တစ်ထပ် ရစ်ပတ်လာလည်း
သူကလှမြဲ။
ပွင့်လွှာစုံချိန် အလှမာန်တင့်
ဂုဏ်ယူဝင့်ကြွား မြင်သူများလည်း
ခူးယူပန်ဆင် မြတ်နိုးချင်
ဝတ်ရည်စုတ်လူး ပျားဘီလူးနှင့်
လိပ်ပြာရောထွေး သူဘေးလေးမှာ
ကြယ်ရောင်ခသည့် လမင်းသဖွယ်
အလှတွေကြွယ်။
ကိုယ်မှာဥယျာဉ်မှုး ပန်းမခူးရဘူး
ရှေးကအစဉ်လာ ထားရှိခဲ့တော့
သနားစရာဖြစ်အင် ပန်းကိုမြင်လျက်
ပန်ဆင်ချင်လျက်နဲ့ ဝေး။
တစ်သက်တစ်ညှာ တစ်ညှာတစ်ပွင့်
ထာဝစဉ်စွဲရစ် ရင်နင့်အောင်မွှေး
တွယ်တာနှောင်ကြိုး ဖြေရန်ခက်ခက်
အထပ်ထပ်ချည် နှောင်တွယ်လေပြီ။
သော်တာကိုငေး ကြည့်နေရုံလေး
ကျေနပ်နေရ သည်ဘဝမို့ 
ပန်းကလေးအလိုကျ ရီပြငိုပြ
ဥယျာဉ်မှုးတို့ ထုံး နှလုံးမူလျက်
အပြုံးမပျက်သာ ချစ်လှက်နေပါမည်
ပန်းကလေးရေ..........
စိတ္တသုခကာယသုခပြည့်စုံကြပါစေ.....ညီညွတ်ညိန်း
Saturday, 31 August 2013
ဒေါင်း.......
အို.....ဒေါင်းအဆွေ
အသံချိုမြ ကြားရသူဖို့ 
ဘဝင်ကြည်လှ ရွှင်ပြရပေါ့
သင်၏ကဟန် သိပ်လှပြန်ပေါ့
ဟန်ကျော့လို့ သာ ယိမ်းကာနွဲ့ ကာ
မူရာမျိုးစုံ အလှစုံ၏။
အပြောကချို ရွှင်ပြုံးပိုတော့
မြင်ယုံချစ်စိတ် လူတိုင်းစိတ်ဝယ်
ဖြစ်တည်လာ၏။
ကကြိုးမပိုင် ခြေမခိုင်တော့
ဒေါင်း၏ကဟန် ခွေယိုင်ခဲ့ပေါ့
ရှေ့ ကြည့်လှသလောက် နောက်တွင်ရုပ်ဆိုး
ဒေါင်းအမျိုးမို့  အော့နှလုံးနာ
အို....ဒေါင်းအဆွေ
အကရပ်ပါလေ ထပ်မညာပါနဲ့ 
သင့်အလှကြည့်ရတာ
ယိုသူမရှက် မြင်သူရှက်လှပြီ။
အသံချိုမြ ကြားရသူဖို့ 
ဘဝင်ကြည်လှ ရွှင်ပြရပေါ့
သင်၏ကဟန် သိပ်လှပြန်ပေါ့
ဟန်ကျော့လို့ သာ ယိမ်းကာနွဲ့ ကာ
မူရာမျိုးစုံ အလှစုံ၏။
အပြောကချို ရွှင်ပြုံးပိုတော့
မြင်ယုံချစ်စိတ် လူတိုင်းစိတ်ဝယ်
ဖြစ်တည်လာ၏။
ကကြိုးမပိုင် ခြေမခိုင်တော့
ဒေါင်း၏ကဟန် ခွေယိုင်ခဲ့ပေါ့
ရှေ့ ကြည့်လှသလောက် နောက်တွင်ရုပ်ဆိုး
ဒေါင်းအမျိုးမို့  အော့နှလုံးနာ
အို....ဒေါင်းအဆွေ
အကရပ်ပါလေ ထပ်မညာပါနဲ့ 
သင့်အလှကြည့်ရတာ
ယိုသူမရှက် မြင်သူရှက်လှပြီ။
Monday, 26 August 2013
သူလှလားငါလှလား
သူလှလားငါလှလား
မမေးပါနဲ့ လား။
ပန်းပေါင်းအားလုံး အလှမျိုးစုံ
သူဂုဏ်နှင့်သူရှိလေ၏။
ပန်းသဇင် နန်းတော်ဝင်မို့ 
ပင့်မြင့်ယံ စံပျော်ပါး
သူလည်းလှပေတကား။
ဆူးဝန်းရံခ နှင်းဆီဘဝ
သူလည်းတစ်မျိုး မရိုးအလှ။
ပန်းခတ္တာ သင်းဖြာလှိုင်မွှေး။
ရင်ကိုအေး။
ပိတောက်ငုဝါ အဝါဆင်
အညှာတံမှာကွဲ သူတို့ လည်းလှမြဲ။
မြေခပန်းလေး ခရေလည်းမွှေး
ပွင့်ဖက်ခြောက်ကြွေ ရနံ့ မပြယ်ပေ။
စံပယ်ဖြူဖွေး ကြူကြူမွှေး
သရဖီအင်ကြင်း သူအဆင်းနဲ့ သူ
အလှပို။
ညအခါမွှေး ညမွှေးပန်း
ကုမုန္ဒြာရွှေကြာ နေရောင်လာချိန်ညှိုး
သူလည်းအလှထူး။
ပန်းမှာမဉ္ဖူ လှိုင်ထိပ်ခေါင်မို့ 
သာကီနွယ်ပန်း လှပတင့်ဆန်း
သူအလှနှင်သူ ရှိကြပေတာ
သူလှလား ငါလှလား
မမေးပါနဲ့ လေ။
ရုပ်နာမ်ဖောက်ပြန်အစဉ်
ရှိနေတာမို့  ကပ်လေသတိ
မယှဉ်သင့်တာ မယှဉ်ပါနဲ့ 
မလိုတာဇာချဲ့ ကိုယ်အတွက်
ဘာအကျိုးမြတ်ထွက်ပါသလဲ
အမှားဖက်တော့ အတ္တကပ်ပါလေရော.။
မမေးပါနဲ့ လား။
ပန်းပေါင်းအားလုံး အလှမျိုးစုံ
သူဂုဏ်နှင့်သူရှိလေ၏။
ပန်းသဇင် နန်းတော်ဝင်မို့ 
ပင့်မြင့်ယံ စံပျော်ပါး
သူလည်းလှပေတကား။
ဆူးဝန်းရံခ နှင်းဆီဘဝ
သူလည်းတစ်မျိုး မရိုးအလှ။
ပန်းခတ္တာ သင်းဖြာလှိုင်မွှေး။
ရင်ကိုအေး။
ပိတောက်ငုဝါ အဝါဆင်
အညှာတံမှာကွဲ သူတို့ လည်းလှမြဲ။
မြေခပန်းလေး ခရေလည်းမွှေး
ပွင့်ဖက်ခြောက်ကြွေ ရနံ့ မပြယ်ပေ။
စံပယ်ဖြူဖွေး ကြူကြူမွှေး
သရဖီအင်ကြင်း သူအဆင်းနဲ့ သူ
အလှပို။
ညအခါမွှေး ညမွှေးပန်း
ကုမုန္ဒြာရွှေကြာ နေရောင်လာချိန်ညှိုး
သူလည်းအလှထူး။
ပန်းမှာမဉ္ဖူ လှိုင်ထိပ်ခေါင်မို့ 
သာကီနွယ်ပန်း လှပတင့်ဆန်း
သူအလှနှင်သူ ရှိကြပေတာ
သူလှလား ငါလှလား
မမေးပါနဲ့ လေ။
ရုပ်နာမ်ဖောက်ပြန်အစဉ်
ရှိနေတာမို့  ကပ်လေသတိ
မယှဉ်သင့်တာ မယှဉ်ပါနဲ့ 
မလိုတာဇာချဲ့ ကိုယ်အတွက်
ဘာအကျိုးမြတ်ထွက်ပါသလဲ
အမှားဖက်တော့ အတ္တကပ်ပါလေရော.။
Tuesday, 20 August 2013
ပန်းသဇင်
သဇင်ပွင့်ပေမယ့်
သဇင်နဲ့ မတန်သူမို့ 
လှမ်းဆွတ်ခူးဖို့ 
စိတ်မှာမရဲ တိတ်တိတ်လေးလွင်။
မဆင်ရဲသူမို့ 
ကြိတ်ခဲကာသာ
မြတ်နိုးခုံခင်။
မြတ်နိုးလျင် ပန်ဆင်ထိုက်ပါရဲ့ 
ပန်ဆင်ပါလျှင် နံ့ သာလူးကာ
ပတ်ဝန်းကျင်မှာ ပြောစရာတွင်
စွဲချက်တင်မပေါ့။
သဇင်အလှ ပန်းချစ်သူ
ဆင်ရန်ခက်တာမို့ 
တစ်သက်ညှာချိုး မြေသို့ ထိုးမှာ
သည်အဖြစ်မျိုးလည်း
ရင်ကျိုးရမယ်
ပင်ထက်ပွင့်လန်း
လှပါလေတော့။
Thursday, 15 August 2013
မရဏမြေသို့ .........
တိတ်ဆိတ်နေတဲ့နေရာ
ဇရပ်အိုတစ်လုံးနဲ့ 
သေသူတို့ ရဲ့ ဂူတွေ
ဆွေးမြေ့နေတဲ့အရိုးတွေ
ဂူတွေပေးမှာနားနေတဲ့လင်းဒတွေ
အပုပ်တွေကိုစားနေတဲ့
ခွေးအတွေဒီလိုနေရာကို
ဘယ်သူတွေလာချင်မှာလဲ
ဒါပေမဲ့လွန်ဆန်မရတဲ့
သေခြင်းတရားကြောင့်သာ
ရောက်လာကြရတာလေ
ဇရပ်ပျက်အိုပေါ်ကလှမ်းကြည့်တော့
လူဘဝမှာအဆင့်တန်းရှိသူတွေက
သူတို့ ရဲ့ ဂူတွေကအကျနပေါ့
လူလတ်တန်းစားနဲ့ ဆင်းရဲသားရဲ့ ဂူတွေက
မြေပုံတွေအဖြစ်နဲ့ ပေါ့
သြော်မသေခင်အတ္တတွေထား
မာနတံခွန်ထူခဲ့သူတွေ
နောက်ဆုံးတော့လဲသေခြင်းတရား
နားခိုရာမှာခြောက်ပေကျင်း
ခြောက်ပေအုတ်ဂူမှာ
မထူးမခြားနေရတာပါပဲ
တခါတရံဖြတ်တိုက်တဲ့လေပြေ
အပုပ်နံ့ တွေကိုသယ်ဆောင်လာ
တစ်အူ...အူ....အူနေတဲ့ခွေးအသံတွေ
မရဏမြေကအလှတရားတွေလား
အမိုးစုတ်ပြတ်ဇရပ်အို
သေသူတို့ ရဲ့ အုတ်ဂူအိုတွေ
သုဿန်မြေကိုနောက်ထပ်လာမဲ့
အပုပ်ကောင်တွေသံသရာလောက
ကျင်လည်နေသမျှ
မရဏသေခြင်းမှလွတ်သေးမည်မဟုတ်
အကြိမ်ကြိမ်ခါခါငါလဲလာနေရဦးမှာ ပါလား။
Wednesday, 14 August 2013
လဝါခေါင်
***လဝါခေါင်**
ထက်ဝလ္လာဘုံနန်းဆီက
ကိုသူရာ ကိုသိကြားရယ်တို့ 
မိုးနတ်စည် ဆော်ကားတီးလို့ 
တိုင်းရှစ်ခွင်အုံ့ ကာဆိုင်း
ရွှေမိုးပစ္စုန်
ရွာမည့်ဟန်ပျိုး။
ထက်အာကာဘုံစွန်း
တောက်ထွန်းတဲ့ရောင်ဝါ
သရဝဏ်ရေကြယ်မင်း
ထိန်လင်းရောင်စိုး။
လေညှင်းသယ်လာ
သိဟ်ရာသီမို့ 
ရှုလေးတိုင်း ဘယ်ကညာ
ပန်းခတ္တာ ဝတ်မှုံကျင်း
သင်းပျံ့ လို့ ဝင်း။
စိတ္တသုခကာယသုခပြည့်စုံကြပါစေ... ..ညီညွတ်ညိန်း
Wednesday, 7 August 2013
အမျိုးပျောက်မှာစိုးကြောက်ပါတော့သည်
ဘုန်းဖျားထွဋ်ခေါင်၊ မင်းခေါင်ရထာ
သမိုင်းစတည်၊ မြန်ပြည်ရယ်လို့ 
လူသိထင်ရှား၊ ကျော်ကြားလာ၏
ယဉ်ကျေးမှု့ တည်၊ မြန်ပြည်တစ်ခွင်
သာသနာရောင်ဝါ၊ နေလပမာထွန်း
ကောင်းခြင်းမင်္ဂလာ၊ နိမိတ်ဖြာဝေ
တို့ တိုင်းဌာနေ၊ ဖြာဝေကျက်သရေ
မင်းအဆက်ဆက် ၊တက်နေပမာထွန်း
နောက်ဆုံးမင်းဆက် ၊သီပေါလက်ထပ်
အကျင့်ပျက်လာ ၊သိက္ခာမင်းကျင့်
ပျက်ယွင်းသမို့ ၊ ရင်နင့်ရပေါ့
ငိုချင်းတွေစ ၊ မျက်ရည်ကျရ
တိုင်းတစ်ပါးသား၊ မိစ္ဆာများက
ငါတို့ တိုင်းပြည်၊ ပြည်သူများကို
လူလိုမဆက်ဆံ ၊ရံဖန်ရံခါ
ဒဏ်မခံနိုင်၊ တွန်းလှန်ပြန်ရင်
ပုန်ကန်သူတဲ့၊ ရိုင်းဟဲ့မျိုးယုတ်
ကုပ်သွေးလည်းစုပ် ၊မျိုးပြုတ်ရန်ကြံ
အသားလောက်ထွက်၊ ခွေးဇာတ်ခင်းသူ
အမျိုးယုတ်တွေ၊ ပေါ်ထွက်လာသေး
ကျွန်ဘဝမှာ၊ ပတ်ချာလည်လိုက်
ဂယက်ရိုက်ချိန်၊ စစ်မှန်မျိုးချစ်
စိတ်ထားလှသူ၊ နှလုံးဖြူဖြူ
ဗိုလ်အောင်ဆန်းက၊ ခေါင်းငုံ့ မခံ
မျိုးမစစ်တွေ၊ မြန်မာမြေပေါ်
နေတာကြာပြီ ၊မင်းတို့ ရပ်ဆီသို့ 
ထွက်ခွာချိန်သင့်၊ ရဲရင့်ပြတ်သား
တောင်းခါယူဆောင်၊ အလင်းရောင်ကို
လွတ်လပ်ရောင်ခြည်၊ မှောင်ရည်ကိုခွင်း
ပျော်ကြရွှင်ကြ ၊လူငယ်မှစခါ
အဖိုးအိုမကျန်၊ ကခုန်မြူးတူး
အောင်လံပွဲထူး ၊မကြာဘူးနော်
မသမာသူ၊ လူတစ်စုက
ရိုင်းစိုင်းယုတ်မာ ၊အာဇာနည်များ
သွေးမြေခရ ၊ခန္ဓာကျရ
အဖမဲ့သား ၊တိုးများဘဝ
ဖြစ်ရပြန်ပြီ၊ စီရီခိုတွဲ
မျက်ရည်ပုလဲတွေ၊ ဝေဖြာပြန်ပေါ့
အနေကြာလာ၊ နှစ်ရှည်ဖြာချိန်
စစ်ဖိနပ်အောက်၊ ပြားပြားရောက်ပြန်
တုံးအောက်ကဖား၊ ပြားမြဲပြားနေ
အမှားအမှန် ၊တင်ပြရန်ဝေးစွ
တစ်ခွန်းမဟ၊ ဟတာနဲ့ ပစ်
သေဖို့ ရန်ပြင်၊ ရှင်ဖို့ အရေး
အေးအေးနေရ၊ နှိပ်စက်အမှု့ 
တိုးကာပြုလို့  ၊ဆူပူအုံ့ ကြွ
နည်းနည်းလှုပ်ကြည့်၊ သေဖို့ အမှန်
သဘာဝတွေဆုံး၊ တောတောင်ပျက်သုံးလို့ 
ဘာမှမကျန်၊ မြန်မာပြည်ထွက်
ရတနာများ၊ တိုင်းတစ်ပါးသားဆီ
ထုတ်ခါရောင်းချ ၊သူတို့ ကျတော့
လူလုံးလှလို့ ၊ ပြည်သူ့ ဘဝ
ငတ်ခါတစ်လှည့်၊ ပြတ်တစ်လှည့်နှင့်
အသက်ဆက်နေ၊ မျက်ရေတွေနဲ့ ပေါ့
စစ်ဖိနပ်အောက် ၊အနှစ်နှစ်ဆယ်ရောက်
အာဏာရှင်ပျောက် ၊လမ်းသစ်ရောက်ချိန်
တိုးတက်မှု့ ကမြန်၊ မြန်မာမလေး
မြန်မာဟန်ပန်၊ ဝတ်စားဆင်က
ဂုဏ်ငယ်တယ်ထင် ၊လူဘုံအလယ်မှာ
မပေါ်ရုံဖုံး၊ တစ်ရုံးရုံးနဲ့ 
အကျင့်ပျက်ခြစား၊ သိက္ခာတရားများ
များသထက်များ ၊တိုးပွားလို့ လာ
လွတ်လပ်ခြင်းကို၊ လိုတာထက်ပို
စည်းကိုကျော်ဖြတ်၊ဟုတ်သည်မှတ်ရင်
မင်းအကျင့်ပျက်၊ သီပေါလက်ထက်
စည်းကမ်းဖောက်လို့ ၊ ထီးနန်းပျောက်ခဲ့ရ
စည်းသာထပ်ဖောက်၊ အမျိုးပျောက်တော့မည်။
စိတ္တသုခကာယသုခပြည့်စုံကြပါစေ.....ညီညွတ်ညိန်း
သမိုင်းစတည်၊ မြန်ပြည်ရယ်လို့ 
လူသိထင်ရှား၊ ကျော်ကြားလာ၏
ယဉ်ကျေးမှု့ တည်၊ မြန်ပြည်တစ်ခွင်
သာသနာရောင်ဝါ၊ နေလပမာထွန်း
ကောင်းခြင်းမင်္ဂလာ၊ နိမိတ်ဖြာဝေ
တို့ တိုင်းဌာနေ၊ ဖြာဝေကျက်သရေ
မင်းအဆက်ဆက် ၊တက်နေပမာထွန်း
နောက်ဆုံးမင်းဆက် ၊သီပေါလက်ထပ်
အကျင့်ပျက်လာ ၊သိက္ခာမင်းကျင့်
ပျက်ယွင်းသမို့ ၊ ရင်နင့်ရပေါ့
ငိုချင်းတွေစ ၊ မျက်ရည်ကျရ
တိုင်းတစ်ပါးသား၊ မိစ္ဆာများက
ငါတို့ တိုင်းပြည်၊ ပြည်သူများကို
လူလိုမဆက်ဆံ ၊ရံဖန်ရံခါ
ဒဏ်မခံနိုင်၊ တွန်းလှန်ပြန်ရင်
ပုန်ကန်သူတဲ့၊ ရိုင်းဟဲ့မျိုးယုတ်
ကုပ်သွေးလည်းစုပ် ၊မျိုးပြုတ်ရန်ကြံ
အသားလောက်ထွက်၊ ခွေးဇာတ်ခင်းသူ
အမျိုးယုတ်တွေ၊ ပေါ်ထွက်လာသေး
ကျွန်ဘဝမှာ၊ ပတ်ချာလည်လိုက်
ဂယက်ရိုက်ချိန်၊ စစ်မှန်မျိုးချစ်
စိတ်ထားလှသူ၊ နှလုံးဖြူဖြူ
ဗိုလ်အောင်ဆန်းက၊ ခေါင်းငုံ့ မခံ
မျိုးမစစ်တွေ၊ မြန်မာမြေပေါ်
နေတာကြာပြီ ၊မင်းတို့ ရပ်ဆီသို့ 
ထွက်ခွာချိန်သင့်၊ ရဲရင့်ပြတ်သား
တောင်းခါယူဆောင်၊ အလင်းရောင်ကို
လွတ်လပ်ရောင်ခြည်၊ မှောင်ရည်ကိုခွင်း
ပျော်ကြရွှင်ကြ ၊လူငယ်မှစခါ
အဖိုးအိုမကျန်၊ ကခုန်မြူးတူး
အောင်လံပွဲထူး ၊မကြာဘူးနော်
မသမာသူ၊ လူတစ်စုက
ရိုင်းစိုင်းယုတ်မာ ၊အာဇာနည်များ
သွေးမြေခရ ၊ခန္ဓာကျရ
အဖမဲ့သား ၊တိုးများဘဝ
ဖြစ်ရပြန်ပြီ၊ စီရီခိုတွဲ
မျက်ရည်ပုလဲတွေ၊ ဝေဖြာပြန်ပေါ့
အနေကြာလာ၊ နှစ်ရှည်ဖြာချိန်
စစ်ဖိနပ်အောက်၊ ပြားပြားရောက်ပြန်
တုံးအောက်ကဖား၊ ပြားမြဲပြားနေ
အမှားအမှန် ၊တင်ပြရန်ဝေးစွ
တစ်ခွန်းမဟ၊ ဟတာနဲ့ ပစ်
သေဖို့ ရန်ပြင်၊ ရှင်ဖို့ အရေး
အေးအေးနေရ၊ နှိပ်စက်အမှု့ 
တိုးကာပြုလို့  ၊ဆူပူအုံ့ ကြွ
နည်းနည်းလှုပ်ကြည့်၊ သေဖို့ အမှန်
သဘာဝတွေဆုံး၊ တောတောင်ပျက်သုံးလို့ 
ဘာမှမကျန်၊ မြန်မာပြည်ထွက်
ရတနာများ၊ တိုင်းတစ်ပါးသားဆီ
ထုတ်ခါရောင်းချ ၊သူတို့ ကျတော့
လူလုံးလှလို့ ၊ ပြည်သူ့ ဘဝ
ငတ်ခါတစ်လှည့်၊ ပြတ်တစ်လှည့်နှင့်
အသက်ဆက်နေ၊ မျက်ရေတွေနဲ့ ပေါ့
စစ်ဖိနပ်အောက် ၊အနှစ်နှစ်ဆယ်ရောက်
အာဏာရှင်ပျောက် ၊လမ်းသစ်ရောက်ချိန်
တိုးတက်မှု့ ကမြန်၊ မြန်မာမလေး
မြန်မာဟန်ပန်၊ ဝတ်စားဆင်က
ဂုဏ်ငယ်တယ်ထင် ၊လူဘုံအလယ်မှာ
မပေါ်ရုံဖုံး၊ တစ်ရုံးရုံးနဲ့ 
အကျင့်ပျက်ခြစား၊ သိက္ခာတရားများ
များသထက်များ ၊တိုးပွားလို့ လာ
လွတ်လပ်ခြင်းကို၊ လိုတာထက်ပို
စည်းကိုကျော်ဖြတ်၊ဟုတ်သည်မှတ်ရင်
မင်းအကျင့်ပျက်၊ သီပေါလက်ထက်
စည်းကမ်းဖောက်လို့ ၊ ထီးနန်းပျောက်ခဲ့ရ
စည်းသာထပ်ဖောက်၊ အမျိုးပျောက်တော့မည်။
စိတ္တသုခကာယသုခပြည့်စုံကြပါစေ.....ညီညွတ်ညိန်း
Thursday, 1 August 2013
Monday, 29 July 2013
Wednesday, 17 July 2013
မျက်ရည်ဖြိုင်သော(၁၉)ဇူလှိုင်
သူကျွန်ဘဝမှ ယခုပင်ထလော့
ဗိုလ်အောင်ဆန်းတဲ့ လမ်းပြအလင်းရောင်
လွတ်လပ်ရေးကိုဆောင်ယူ
တောင်သူလယ်သမား
ဆင်းရဲသားမကျန်
ပြည်သူများအပေါ်
ရင်မှနွယ်ဖွား သားသမီးလို
ချစ်ကြင်ယုယ နှလုံးလှသူ။
အတိုင်းဆမရှိ ဝမ်းသာပီတိဖြာချိန်
မသမာသူလူတစ်စုက
ငါတို့ ဗိုလ်ချုပ်နှင့် အာဇာနည်များရဲ့ 
အသက်ကိုနုတ်သည်
အမျိုးယုတ်တွေကြောင့် သွေးမြေခရ
လဇူလှိုင်(၁၉) မျက်ရည်ဖြိုးလို့  ဘဝင်ညှိုး
သောကမိုးတွေရွာ အဖမဲ့သား
ဖြစ်ရရှာပြီတို့ ပြည်သူတွေ
အချိန်တွေဘယ်လိုပြောင်း
မမေ့ကောင်းသော (၁၉)ဇူလှိုင်
ရောက်လေတိုင်းမှာ မျက်ရည်ဖြိုင်
ငါတို့ တွေလည်း တိုင်းပြည်တာဝန်
တစ်နေရာစီမှ ထမ်းရမည်
လမ်းပြခေါင်ဆောင် ဗိုလ်အောင်ဆန်းကို
အတုယူထား ပြည်မြန်မာသားတို့ ။
စိတ္တသုခကာယသုခပြည့်စုံကြပါစေ.....ညီညွတ်ညိန်း
Monday, 15 July 2013
***လဝါဆို**.....
ရှစ်ခွင်တိုင်းမှိုင်း မြင်တိုင်းမှာ
ဆိုင်းလို့ ညို လဲ့လဲ့ငယ်စို
တောသဘာဝ အလှပန်းများ
လန်းကာနေသည်။
ရွှေပစ္စုန်မိုးနတ်စည်
ရိုက်သွင်းကာ ဆော်တီးလို့ မည်။
ကောက်သမလေး တေးသံကဝေစည်
ပြုနိဗ္ဗာန်သန်ကြယ် ထွန်းလင်းလို့ 
လဝန်းတဲ့ သော်တာ
ရနံ့ ငယ်ဖြာ ညှာတံကဖူး
ပုန်းညက်ကယ်ခိုင်ပင်မင်းက
သင်းပျံ့ ပျံ့ ကြူး။
စိတ္တသုခကာယသုခပြည့်စုံကြပါစေ.....ညီညွတ်ညိန်း
ဆိုင်းလို့ ညို လဲ့လဲ့ငယ်စို
တောသဘာဝ အလှပန်းများ
လန်းကာနေသည်။
ရွှေပစ္စုန်မိုးနတ်စည်
ရိုက်သွင်းကာ ဆော်တီးလို့ မည်။
ကောက်သမလေး တေးသံကဝေစည်
ပြုနိဗ္ဗာန်သန်ကြယ် ထွန်းလင်းလို့ 
လဝန်းတဲ့ သော်တာ
ရနံ့ ငယ်ဖြာ ညှာတံကဖူး
ပုန်းညက်ကယ်ခိုင်ပင်မင်းက
သင်းပျံ့ ပျံ့ ကြူး။
စိတ္တသုခကာယသုခပြည့်စုံကြပါစေ.....ညီညွတ်ညိန်း
Sunday, 14 July 2013
စံပယ်ဆိုသည်
စံပယ်ဆိုသည် နန်းသုံးပန်းမို့ 
ကြွားကြွားဝင့်ထည်
အပွင့်ဖြူဖြူ ကြူကြူမွှေး
ဖြူသေးသွယ်လှ စံပယ်ပန်း
မြင်သူစွဲလမ်း။
ညှာတံဖြုတ်ခြွေ ချူချင်သူပေါ
မိုးဦးရာသီ ခါတော်မှီပန်း
မွှေးပျံ့ လို့ လန်း။
Friday, 12 July 2013
ဇရာအိုချိန်
အသက်ရွယ်ကြီးရင့် အိုမင်းရင့်ရော်
ဆံပင်ဖြူစ လူဘဝပိုင်း
သုံးပိုင်းတစ်ပိုင်း အရွယ်ဟိုင်းနေ
အခုနေမှာ မွေးရပ်ဌာနေ
တစ်ခေါက်တစ်လေ ရောက်ချင်ပေလှ
မသေကြွင်းကျန် သူငယ်ချင်းများနှင့်
ပုလဲဒါရူ ချစ်ဦးသူလေး
ငယ်ချစ်နှောင်းရဲ့  ဝင့်ဝါမျက်နှာ
ပပပဝင်းကိုလ အခုနေချိန်
ဘယ်သို့ ဘယ်လို ရှိနေပါလဲ
တွေးဆမျှော်ခါ မြင်ချင်ပါ၏။
စိတ်ကသာရောက် လူမရောက်နိုင်
ဇရာထောက်လို့ နေဝင်ချိန်နီး
မရဏခရီး သွားရတော့မည်။
ဆံပင်ဖြူစ လူဘဝပိုင်း
သုံးပိုင်းတစ်ပိုင်း အရွယ်ဟိုင်းနေ
အခုနေမှာ မွေးရပ်ဌာနေ
တစ်ခေါက်တစ်လေ ရောက်ချင်ပေလှ
မသေကြွင်းကျန် သူငယ်ချင်းများနှင့်
ပုလဲဒါရူ ချစ်ဦးသူလေး
ငယ်ချစ်နှောင်းရဲ့  ဝင့်ဝါမျက်နှာ
ပပပဝင်းကိုလ အခုနေချိန်
ဘယ်သို့ ဘယ်လို ရှိနေပါလဲ
တွေးဆမျှော်ခါ မြင်ချင်ပါ၏။
စိတ်ကသာရောက် လူမရောက်နိုင်
ဇရာထောက်လို့ နေဝင်ချိန်နီး
မရဏခရီး သွားရတော့မည်။
Tuesday, 2 July 2013
မိုးဦးအစ...သူတို့ ဘဝ
ဝဿန်ကာလ မိုးဦးကျလျှင်
ချောင်းငယ်ရေလျှံ လယ်ကွင်းလျှံထွက်
ဖားတို့ သံစုံ ဆူညံကုန်၏
အာရုံလင်းကြက် တွန်ချက်ပေးချိန်
ထွန်ယက်ဖို့ ရေး မနှေးစီမံ
နွားညီနောင်နှင့် လယ်တောသို့ ဝင်
ကောက်စိုက်ပျိုးနုတ် လယ်ယာလုပ်ကို
ကြိုးစားရပေ ကြိုးစားရပေ။
ထွန်တံတုံးနှင့် နှင်တံဝံ့ကာ
နွားညိုနွားပြာ သွားပါတော့လား
မွန်းမတည့်ခင် အပြီးနှင်မယ်
အပြီးနှင်မယ်။
ရှင်မချက်ရန် လယ်ကန်ဇွန်းရွက်
ဟင်းတစ်နပ်စာ ခူးကာပြန်မယ်
ခူးကာပြန်မယ်လေး။
နေမင်းရောင်ဝါ အလင်းဖြာဖြာ
အရှေ့ ကျွန်းမှ ပေါ်ထွက်လာ
တောစပ်ဆီမှ ငှက်ကျေးကသာ
တိမ်ဦးလေပြေ မိုးသက်စေပြန်
တစ်မျိုးထူးလှ မိုးဦးလရာသီ
ရွှေမိုးရယ်ညို နွားညိုနွားပြာ
သွားပါလော့သွားပါလော့။
စိတ္တသုခကာယသုခပြည့်စုံကြပါစေ.....ညီညွတ်ညိန်း
Thursday, 27 June 2013
ချစ်ပါနော်
ချစ်မေတ္တာ၊ခါခါပေး
လေးထားစေ၊မေတွက်ဆို
ညိုငြင်ဘူး၊ရူးပါစေ
သေဆိုသေ၊နေဆိုနေ
မေအပါး၊ထားရာနေ
စေရာသွား၊ထားသခင်
နှင်မှာစိုး၊တိုးတိုးငို
အို...ရွှေရင်၊ညင်သာဘူး
ဆူးချက်ဒဏ်၊ခက်ထန်လွန်း
လွန်းကြိုးတင်၊ရင်သို့ ချည်
ရည်မျှော်မှန်း၊မှန်းဆခါ
သာယာစေ၊မေတ္တာခြွေ
တွယ်သူက၊အပြစ်လား
မှားရှာပေါ့၊ကျော့ကျော့ငယ်
ရွယ်တင်ချိန်၊ရှိန်မာန်တင်း
ညှင်းတာလား၊အားမလျော့
ပျော့မသွား၊နားမနေ
ရေကုန်ခမ်း၊နွမ်းပါစေ
ရေပြာပြင်၊မှင်လုပ်ရေး၊မွှေးစေမည်။
စိတ္တသုခကာယသုခပြည့်စုံကြပါစေ.....ညီညွတ်ညိန်း
Sunday, 23 June 2013
နယုန်လ
မှိုင်းညိုရိပ်ဆင် ကောင်းကင်ထက်ဝယ်
လျှပ်နွယ်လျှပ်ပန်း ရောင်စုံဆန်းဖြာ
တိမ်ညိုလှိုင်း လေပြေရိုင်းနှင့်
မိုးသက်လေနှင် ပြိုဟန်ဆင်
မေထုန်ရာသီ အစပျိုး
အလှတိုးဖြာ။
မြတ်လေးစံပယ် တင့်တယ်ဝေဆာ
ပင်မာလာထက် ကြူသင်းလို့ ဖြာ။
ဖြန်းပတ်မိုးရေ စိုစွတ်မြေပြင်
စိမ်းစိုပြေ နွေနှောင်းဝဿန်
တစ်စတစ်စ အလှဆင်
ပုန်းသောသူပေါ် သေသောသူရှင်
နွေဘုရင်မောင်းထုတ် မိုးပေါက်အုပ်ဖြာ
မြေနံ့ ပျံ့ သင်း။
ရွှေပေလွှာစာဆိုပွဲ ခြိမ့်ခြိမ့်သဲ
နွှဲ့ ကြသည်ချိန်ခါ
ကောင်ကင်အလယ် ထက်ဝယ်ဘုံ
ဇေဌရွှေကြယ်မင်းငယ်
ထွန်းပလို့ လင်း။
လျှပ်နွယ်လျှပ်ပန်း ရောင်စုံဆန်းဖြာ
တိမ်ညိုလှိုင်း လေပြေရိုင်းနှင့်
မိုးသက်လေနှင် ပြိုဟန်ဆင်
မေထုန်ရာသီ အစပျိုး
အလှတိုးဖြာ။
မြတ်လေးစံပယ် တင့်တယ်ဝေဆာ
ပင်မာလာထက် ကြူသင်းလို့ ဖြာ။
ဖြန်းပတ်မိုးရေ စိုစွတ်မြေပြင်
စိမ်းစိုပြေ နွေနှောင်းဝဿန်
တစ်စတစ်စ အလှဆင်
ပုန်းသောသူပေါ် သေသောသူရှင်
နွေဘုရင်မောင်းထုတ် မိုးပေါက်အုပ်ဖြာ
မြေနံ့ ပျံ့ သင်း။
ရွှေပေလွှာစာဆိုပွဲ ခြိမ့်ခြိမ့်သဲ
နွှဲ့ ကြသည်ချိန်ခါ
ကောင်ကင်အလယ် ထက်ဝယ်ဘုံ
ဇေဌရွှေကြယ်မင်းငယ်
ထွန်းပလို့ လင်း။
Tuesday, 18 June 2013
ဆယ်နှစ်လရာသီလွမ်းချင်း
တစ်နေ့ ဝင်ပေါ်လာနိုး
မျှော်ကိုးသူမှာ ရွှေအားငယ်
ပိတောက်တွေရွှေရည်လူး
ထူးတဲ့အချိန် ပျော်ပျော်ရွှင်ရွှင်
ရေပွဲသဘင် နွှဲ့ ကြရှာ
မေ့ မှာမပျော်နိုင်
နွေနှောင်းဝဿန် ရာသီချိန်ကူး
တောင်ကခြိမ့်မြူး မိုးသားမြူတွေ
လေအဝှေ့  တစ်ရွေ့ ရွေ့ လာ
တွေးရင်တွေးရင်း မျက်ရည်လည်လာ
ဝါဆိုလမယ် ပုန်းညက်ကယ်
ခိုင်ပင်မင်းထက် တင့်ဆန်းဝေဖြာ
မြတ်လေးစံပယ် မွှေးပျံ့ ကြူသာ
လဝါခေါင် ရေဖောင်ဖောင်
သပြေညို သီးမှည့် လို့ ဝင်း
တစ်ဖြုတ်ဖြုတ်ကြွေ မျှော်ရတာရှည်
လေးလရာသီရှိပြီမောင်...
တော်သလင်းမှာ လှေလှော်သဘင်
ပျော်ရွှင်ဆင်နွှဲ့  မေ့မှာတစ်ကိုယ်တည်း
ဆီးမီးရောင်ဖြာ သီတင်းကျွတ်ချိန်ခါ
ကြာဖြူကြိုင်သင်း အိုင်ရေကန်တွင်း
တန်ဆောင်မုန်း မောင်ဖုန်းရောက်မလာ
တစ်စဟေမာန် နတ်တော်လမယ်
နှင်းဖြူစကြဲ မျှော်နေမြဲ
ပေါ်မလာကြာ ရှစ်လရာသီရှိပြီ။
ခွာညိုကြိုင်သင်း ပြာသိုလ်တွင်း
ညအခါဆို ချမ်းခိုက်ခိုက်တုန်
ရင်ခွင်ခိုလှုံချင်ရဲ့  သို့ သော်ပေါ်မလာ
တပို့ တွဲမှာ ထမင်းနှဲ့ ပွဲ
ဆင်နွှဲ့ ပျော် ဇွန်ပန်းဖြူ
ကြူကြူမွှေး လတပေါင်းမှာ
ရွက်ဝါဟောင်းကြွေ
စောင့်ခဲ့တာရှည် ဆယ်နှစ်လရာသီရှိပြီမောင်။
မျှော်ကိုးသူမှာ ရွှေအားငယ်
ပိတောက်တွေရွှေရည်လူး
ထူးတဲ့အချိန် ပျော်ပျော်ရွှင်ရွှင်
ရေပွဲသဘင် နွှဲ့ ကြရှာ
မေ့ မှာမပျော်နိုင်
နွေနှောင်းဝဿန် ရာသီချိန်ကူး
တောင်ကခြိမ့်မြူး မိုးသားမြူတွေ
လေအဝှေ့  တစ်ရွေ့ ရွေ့ လာ
တွေးရင်တွေးရင်း မျက်ရည်လည်လာ
ဝါဆိုလမယ် ပုန်းညက်ကယ်
ခိုင်ပင်မင်းထက် တင့်ဆန်းဝေဖြာ
မြတ်လေးစံပယ် မွှေးပျံ့ ကြူသာ
လဝါခေါင် ရေဖောင်ဖောင်
သပြေညို သီးမှည့် လို့ ဝင်း
တစ်ဖြုတ်ဖြုတ်ကြွေ မျှော်ရတာရှည်
လေးလရာသီရှိပြီမောင်...
တော်သလင်းမှာ လှေလှော်သဘင်
ပျော်ရွှင်ဆင်နွှဲ့  မေ့မှာတစ်ကိုယ်တည်း
ဆီးမီးရောင်ဖြာ သီတင်းကျွတ်ချိန်ခါ
ကြာဖြူကြိုင်သင်း အိုင်ရေကန်တွင်း
တန်ဆောင်မုန်း မောင်ဖုန်းရောက်မလာ
တစ်စဟေမာန် နတ်တော်လမယ်
နှင်းဖြူစကြဲ မျှော်နေမြဲ
ပေါ်မလာကြာ ရှစ်လရာသီရှိပြီ။
ခွာညိုကြိုင်သင်း ပြာသိုလ်တွင်း
ညအခါဆို ချမ်းခိုက်ခိုက်တုန်
ရင်ခွင်ခိုလှုံချင်ရဲ့  သို့ သော်ပေါ်မလာ
တပို့ တွဲမှာ ထမင်းနှဲ့ ပွဲ
ဆင်နွှဲ့ ပျော် ဇွန်ပန်းဖြူ
ကြူကြူမွှေး လတပေါင်းမှာ
ရွက်ဝါဟောင်းကြွေ
စောင့်ခဲ့တာရှည် ဆယ်နှစ်လရာသီရှိပြီမောင်။
ငဲ့လော့.....ငဲ့လော့
နံနက်မိုးသောက် အာရုံရောက်ချိန်
ပဲပြုတ်သည်လေး
စားတော်ပဲပြုတ် တောင်းစုတ်လေးနဲ့ 
ခေါင်းထက်ပေါ်တင် ဟိုဝင်သည်ထွက်
ရပ်တကာလှည့် စက်ရုံလုပ်သား
ထိုလူများလည်း လက်တွင်းဆွဲချိုင့်
ကိုယ်စီကိုင်လျက် လုပ်ငန်းခွင်သို့ 
ဝင်ရောက်ချိန်ဝယ် လမ်းဘေးဈေးသည်
ကွမ်းသည်မကျန် ဟိုမှသည်မှ
တစ်စတစ်စ မနက်အလှ
စီခြယ်သချိန် ထိုမှတစ်ဖန်
ကြားရပြန်တာ ဗုဒ္ဓမြတ်စွာ
တရားဒေသနာ ပြန်လည်ဟောကြူး
ဆရာတော်မြတ် အသံသာသာ
ကြားရချိန်မယ် စိတ်ဝယ်ကြည်နူး
ပီတိထူး၏။
စက္ကန့် လက်တံ တစ်ရွေ့ ရွေ့ နှင်
အချိန်နာရီ နရီစည်းချက်
ပုံမှန်လည်ပတ် နေထွက်ချိန်မှ
နေမင်းရောင်ဖြာ နောက်ကျွန်းမေးတင်
မှောင်ရီကပျိုး ကြယ်ဖြူလုံးတွေ
ဟိုမှာသည်မှာ ပေါ်ထွက်လာချိန်
အိပ်တန်းပြန်ငှက် အသံသာနှင့်
အလုပ်ပြန်လာ လုပ်သားများသံ
ရောနှောယှက်တင် အလှဆင်သည်
ထိုအချိန်ဝယ် နားဝယ်ကြားရ
"သားလှလူလေး" လမ်းထိပ်ဈေးဆိုင် တစ်ဗူးဆန်ကို
သွားဝယ်ချေလော့
သားလှလူလေး အပြေးပြန်လာ
မနှေးစီမံ ညနေစာကို
မြိန်ရေယှက်စွာ စားသောက်ရ၏
နေ့ စဉ်ဝမ်းစာ တစ်နေ့ စာရှာ
သည်အသံများ ကြားရသည်က
အောက်ခြေလူစား သူတို့ ကြားမှာ
ကြားရမြဲ၏။
ငဲ့လော့.....ငဲ့လော့ သူတို့ တွေကို။
စိတ္တသုခကာယသုခချမ်းသာကြပါစေ.....ညီညွတ်ညိန်း
ပဲပြုတ်သည်လေး
စားတော်ပဲပြုတ် တောင်းစုတ်လေးနဲ့ 
ခေါင်းထက်ပေါ်တင် ဟိုဝင်သည်ထွက်
ရပ်တကာလှည့် စက်ရုံလုပ်သား
ထိုလူများလည်း လက်တွင်းဆွဲချိုင့်
ကိုယ်စီကိုင်လျက် လုပ်ငန်းခွင်သို့ 
ဝင်ရောက်ချိန်ဝယ် လမ်းဘေးဈေးသည်
ကွမ်းသည်မကျန် ဟိုမှသည်မှ
တစ်စတစ်စ မနက်အလှ
စီခြယ်သချိန် ထိုမှတစ်ဖန်
ကြားရပြန်တာ ဗုဒ္ဓမြတ်စွာ
တရားဒေသနာ ပြန်လည်ဟောကြူး
ဆရာတော်မြတ် အသံသာသာ
ကြားရချိန်မယ် စိတ်ဝယ်ကြည်နူး
ပီတိထူး၏။
စက္ကန့် လက်တံ တစ်ရွေ့ ရွေ့ နှင်
အချိန်နာရီ နရီစည်းချက်
ပုံမှန်လည်ပတ် နေထွက်ချိန်မှ
နေမင်းရောင်ဖြာ နောက်ကျွန်းမေးတင်
မှောင်ရီကပျိုး ကြယ်ဖြူလုံးတွေ
ဟိုမှာသည်မှာ ပေါ်ထွက်လာချိန်
အိပ်တန်းပြန်ငှက် အသံသာနှင့်
အလုပ်ပြန်လာ လုပ်သားများသံ
ရောနှောယှက်တင် အလှဆင်သည်
ထိုအချိန်ဝယ် နားဝယ်ကြားရ
"သားလှလူလေး" လမ်းထိပ်ဈေးဆိုင် တစ်ဗူးဆန်ကို
သွားဝယ်ချေလော့
သားလှလူလေး အပြေးပြန်လာ
မနှေးစီမံ ညနေစာကို
မြိန်ရေယှက်စွာ စားသောက်ရ၏
နေ့ စဉ်ဝမ်းစာ တစ်နေ့ စာရှာ
သည်အသံများ ကြားရသည်က
အောက်ခြေလူစား သူတို့ ကြားမှာ
ကြားရမြဲ၏။
ငဲ့လော့.....ငဲ့လော့ သူတို့ တွေကို။
စိတ္တသုခကာယသုခချမ်းသာကြပါစေ.....ညီညွတ်ညိန်း
Wednesday, 5 June 2013
အိမ်ဦးအရှင် အို......ဖခင်
ကျွန်းတွင်ဇဗ္ဗူ လင်္ကျာယူတည်
သောင်းယူဇနာ၊အောင်မြေအောင်ဖြာ
အောင်ကြောင်းဖြာ၍၊ဝေဆာလှပေ
ပန်းတွင်မဉ္စူ၊ထိပ်ခေါင်ယူလျက်
လှိုင်ကြူနံ့ သာ၊မွှေးပျံ့ သင်းဖြာ
မြင်လျှင်အာရုံ၊မခွာမလွဲ
တောင်ကျွန်းဇဗ္ဗူ၊ပန်းမဉ္စူလေ။
တောင်မှာမြင့်မို၊ရေညိုရစ်သန်း
လေးကျွန်းအလယ်၊ရောင်စဉ်ခြယ်ညွတ်
မာလာဖြာဝေ၊တင့်တယ်ပေလှ
စည်တွင်ဗဟိုရ်၊ခါကိုသိစေ
တွက်ရေမှန်မှန်၊အချိန်ကိုညွှန်
ရိုက်ဆော်တီးခက်၊တိုင်းပြည်တွက်လေ
တောင်မြင့်မိုရ်စည်ဗဟိုလေ။
ကျွန်းမှာလေးကျွန်း၊ဤလေးကျွန်းတွင်
ဇဗ္ဗူလင်္ကျာ၊ကျွန်းမဟာက
အမြတ်ဆုံးပေ၊အဖေမေတ္တာ
ထိုထက်ကျယ်ဝန်း၊အေးမြခြင်းရှိ
ပန်းမှာမဉ္စူ၊လှိုင်ကြူနံ့ သာ
ပန်းတကာပန်း၊မဉ္စူပန်းက
အမြတ်ဆုံးလေ၊အဖေကိုထွက်
ချွေးစက်ရနံ့ ၊ထိုထက်ပျံ့ သင်း
တောင်မှာမြင့်မိုရ်၊ရေညိုရစ်သန်း
တောင်တကာတောင်၊မြင့်မိုရ်တောင်က
အမြတ်ဆုံးလေ၊အဖေဂရုဏာ
ထိုထက်ကြီးမား၊အလွန်များပြား
စည်မှာဗဟိုရ်၊ခါကိုသိစေ
ဗဟိုရ်ပမာ၊ကောင်းရာလမ်းညွှန်
ဆုံးမပဲ့ ပြင်၊အတတ်သင်စေ
အရွယ်ရောက်သော်၊ကြင်ဖော်ရှာပေး
ဘဝရှေ့ ရေး၊၊မနှေးစီမံ
အိုမင်းကုန်းကွ၊လူလုံးမလှ
အရိုးရေတင်၊အသက်ငင်ချိန်
အဖေကြင်နာ၊မလျော့ရှာပေ
အိမ်ဦးအရှင် အို...ဖခင်လေ။
ကျွန်းမှာလေးကျွန်း၊ဤလေးကျွန်းတွင်
ဇဗ္ဗူလင်္ကျာ၊ကျွန်းမဟာက
အမြတ်ဆုံးပေ၊အဖေမေတ္တာ
ထိုထက်ကျယ်ဝန်း၊အေးမြခြင်းရှိ
ပန်းမှာမဉ္စူ၊လှိုင်ကြူနံ့ သာ
ပန်းတကာပန်း၊မဉ္စူပန်းက
အမြတ်ဆုံးလေ၊အဖေကိုထွက်
ချွေးစက်ရနံ့ ၊ထိုထက်ပျံ့ သင်း
တောင်မှာမြင့်မိုရ်၊ရေညိုရစ်သန်း
တောင်တကာတောင်၊မြင့်မိုရ်တောင်က
အမြတ်ဆုံးလေ၊အဖေဂရုဏာ
ထိုထက်ကြီးမား၊အလွန်များပြား
စည်မှာဗဟိုရ်၊ခါကိုသိစေ
ဗဟိုရ်ပမာ၊ကောင်းရာလမ်းညွှန်
ဆုံးမပဲ့ ပြင်၊အတတ်သင်စေ
အရွယ်ရောက်သော်၊ကြင်ဖော်ရှာပေး
ဘဝရှေ့ ရေး၊၊မနှေးစီမံ
အိုမင်းကုန်းကွ၊လူလုံးမလှ
အရိုးရေတင်၊အသက်ငင်ချိန်
အဖေကြင်နာ၊မလျော့ရှာပေ
အိမ်ဦးအရှင် အို...ဖခင်လေ။
Sunday, 26 May 2013
ကွန်ပျုတာကိုကိုယ်မျက်နှာနဲ့ ဖွင့်ပဲဖွင့်လိုရအောင်လုပ်မယ်
ကွန်ပျူတာကိုတခြားသူဝင်မသုံးရအောင်
ကိုယ်မျက်နှာလေးနဲ့ သော့ခတ်ထားမယ်
အောက်ကပုံလေးကိုကြည့်လိုက်ပါဦး
ကိုယ်မျက်နှာလေးမြင်ရမှကွန်ပျူတာပွင့်တာပါ
ကိုယ်ကွန်ပျူတာမှာကင်မရာပါမှရမယ်
ကိုယ်မျက်နှာလေးနဲ့ သော့ခတ်ထားမယ်
အောက်ကပုံလေးကိုကြည့်လိုက်ပါဦး
ကိုယ်မျက်နှာလေးမြင်ရမှကွန်ပျူတာပွင့်တာပါ
ကိုယ်ကွန်ပျူတာမှာကင်မရာပါမှရမယ်
အထက်ပုံလေးကတော့ကွန်ပျူတာကကိုယ်မျက်နှာကို
အမှတ်သားပြုနေတဲ့ပုံလေးပါ
သုံးချင်တယ်ဆိုရင်အောက်ကလင့်ကနေယူလိုက်နော်
Activation Key:
Name: bidrohi
Serial: D5F7-84BC-C4CD
Friday, 24 May 2013
ကွန်ပျူတာအလင်းထိန်းတဲ့ဆော့ဝဲ
ကျနော်အခုတင်ပေးမှာကတော့ကွန်ပျူတာက
မီးအလင်ရောင်တွေကိုထိန်းတဲ့ဆော့လေးပါကွန်ပျူတာအမြဲသုံးနေသူတွေ
အတွက်အကောင်ဆုံးပါပဲမျက်စိထိခိုက်မှု့ ကိုလျော့ကျစေမှာပါ
မီးအလင်ရောင်တွေကိုထိန်းတဲ့ဆော့လေးပါကွန်ပျူတာအမြဲသုံးနေသူတွေ
အတွက်အကောင်ဆုံးပါပဲမျက်စိထိခိုက်မှု့ ကိုလျော့ကျစေမှာပါ
အလင်းရောလျော့ထားတဲ့ပုံလေးပါ
လိုချင်ရင်
Thursday, 23 May 2013
အပျိုစင်ဘဝမှအိမ်ထောင်ရေးဆိသို့ ....
(စီးတဲ့ရေဆည်သည့်ကန်သင်း)
လင်ယောင်္ကျားရှာသမျှငွေကြေးတွေကို မိမိတို့ ကထိန်းသိမ်းနိုင်ရပါမယ်
ကိုယ်ကအိမ်တစ်ခုလုံးရဲ့ ငွေကြေးယို့ စိမ့် မှု့ တွေကို
အတက်နိုင်ဆုံးယို့ စိမ့် မှု့ တွေမဖြစ်ပါစေနဲ့ အဓိက ကတော့
မီးဖိုချောင်ပါပဲ မီးဖိုချောင်သုံးစွဲတာလွန်ကဲနေရင်တော့ကိုယ်လင်သား
ရှာဖွေသမျှပစ္စည်းဥစ္စာတွေစုဆောင်းမိမှာမဟုတ်ပါဘူး
မစုဆောင်းမိတဲ့အပြင်လင်မယားတွေရန်ဖြစ်ကြကွဲကြပြဲကြ
ကိုယ်အနေနဲ့ တစ်ခုလပ်ဘဝသို့ ရောက်ပြီးဘဝမှာအမည်းစက်တစ်ခု
ရရှိမှာအမှန်ပါဒါကြောင့်ကိုလင်သားရှာဖွေသမျှ ထိန်းသိမ်းနိုင်ပါစေ။
(အကြင်နာတွေမလျော့ပါနဲ့ )
ကိုယ်အနေနဲ့ အိမ်ထောင်သည်ဘဝရောက်ပြီဆိုတာနဲ့ အရင်ကချစ်သူဘဝက
ကြင်နာမှု့ တွေကိုလျော့ချမပစ်ပါနဲ့ ဒီနေရာမှာတော့နှစ်ယောက်လုံးအရေးပေးသင့်ပါတယ်
ဟိုအရင်ရည်းစားဘဝတုန်းကလိုမွေးနေ့ ပွဲတွေချစ်စကားလှလှလေးတွေ
အမြဲပြောသင့်ပါဒါမှမိမိတို့ ချစ်ရသောယောင်္ကျားကတခြားသောမိန်းသားတွေအပေါ်
စိတ်မယိုင်ဖို့ အချိန်မရမှာ အဲတာကြောင့်အကြင်နာစကားတွေအမြဲနွေးထွေးပါစေ
အရင်ရည်းစားဘဝကလိုကိုယ်လင်သားအတွက်ပျော်ပွဲရွှင်ပွဲကိုတစ်နှစ်တစ်ခါတက်နိုင်ရင်နှစ်ခါလောက်
လုပ်ပေးနိုင်ရင်ပိုကောင်းပါတယ်ကိုယ်အကြင်နာတွေကကိုယ်အပေါ်နွေးထွေးမှု့ တွေပြန်ရရှိစေမှာပါဆိုတာ
မလွဲဋ္ဌဧကန်ပါ။
(အိမ်ထောင်ဘက်အရွေးမမှားပါနဲ့ )
ကျနော်နောက်ဆုံးအနေနဲ့ ပြောချင်တာကကိုယ်တစ်ဘဝလုံးအတူတူ
လက်တွဲလမ်းလျောက်ရမဲ့ ကိုယ်ရဲ့ အိမ်ထောင်ဘက်ကိုအရွေးမမှားစေချင်ပါဘူး
ဥပမာဆိုကြပါဆိုကိုယ်ကဗုဒ္ဒဘာသာကိုယ်နဲ့ လက်ထပ်မယ်သူကတခြားဘာသာဆိုပါစို့ 
အဒြီမှာအယူအဆကမတူညီတော့အိမ်ထောင်ရေးကရေရှည်တည်မြဲဖို့ 
မလွယ်ကူလှပါဘူးကိုယ်ကအချစ်တခုကိုဦးစားပေးပြီးဘာဖြစ်ဖြစ်ရွေးချယ်ခဲ့ရင်
တစ်ချိန်ချိန်မှာသဘောထားမတိုက်ဆိုင်လို့ စကားများကြရင်ပြဿနာကပိုကြီးသွားနိုင်ပါတယ်
ကိုယ်အနေနဲ့ အိမ်ထောင်ကျချိန်ကိုယ်ကသားသမီးတွေကိုကိုယ်ဘာသာဓလေ့အရရှင်ပြုမယ်အလှုလုပ်မယ်ဆိုရင်
အဲမှာသဘောထားတိုက်ဆိုင်ဖို့ မလွယ်ကူလှပါဘူးနောင်အသက်ကြီးလာတဲ့အခါမှာလည်း
ကိုယ်ကဘုရားသွားကျောင်းတက်လုပ်ချင်တယ်ကိုယ်အိမ်ထောင်ဘက်က
တခြားဘာသာဆိုကိုယ်မှာတစ်ယောက်တည်းဘုရားသွားကျောင်းတက်နေရမယ်
ဘဝကိုအတူတူလက်တွဲပါမှတစ်ကွဲတစ်ပြားဆိုဘယ်မှာလည်းဘဝအဓိပ္ပါယ်
အဲလိုသာဓကတွေခေတ်အဆက်ဆက်ရှိခဲ့တာပါထိုနည်းတူစွာပါပဲ
တခြားသောဘာသာတွေမှာလည်းသူတို့ ဓလေ့တွေရှိကြပါတယ်
သူတို့ ဓလေ့အတိုင်းကိုယ်ကမလုပ်နိုင်ရင်သူတို့ မှာလည်းတစ်ယောက်တည်းအဖော်ကွဲ
ဖြစ်နေမှာပါအဲတာကြောင့်မိမိတို့ အနေနဲ့ အိမ်ထောင်ဘက်ရွေးချယ်မှု့ မမှားပါစေနဲ့ လို့ 
ပြောကြားရင်းနိဂုံးချုပ်လိုက်ပါသည်။
မှတ်ချက်။ ။မပြည့်စုံပါကကျနော်အားနည်းချက်ပါပထမအချက်ကျနော်စာရှည်ရှည်
ရေးရမှာပျင်းခြင်းဒုတိယအချက်စာဖတ်သူတွေငြီးငွေ့ သွားမှာစိုးခြင်းကြောင့်မပြည့်စုံပါ
ခွင့်လွှတ်ပေးပါရန်..............
စိတ္တသုခကာယာသုခပြည့်စုံကြပါစေ......ညီညွတ်ညိန်း
Wednesday, 22 May 2013
***သတ္တဘာဂဖူးစာနတ်မင်းဆက်သလာသူ**......
ဘဂဝါမြတ်ဘုရား သဒ္ဒါပွားစေ
စေတနာသုံးတန် ပြဌာန်းပါလို့ 
မဟာဗောဓိရွှေညောင် ရေသွန်းမင်္ဂလာ
ပြုချိန်ဝယ်ကြုံတွေ့ ရပေ။
ရူပါရုပ်ဆင်း လှယမင်းနှယ်
ပဝင်းကြည်လင် ကျော့ရှင်းတဲ့သူ
ရှေးရေစက် ဆုံလာပြန်
မေတ္တာဂရုဏာပွား ချစ်ပါ့ရစေလား။
မျက်နှာတော် ဆေးမခြယ်သ
ပင်ကိုယ်ချောမို့  သဘောကောင်း၏
ပေါင်းဖို့ ရန် ဘုရားမှာဆုပန်
တူပြိုင်ကာနွှဲ အချစ်ပွဲကို
မြန်းချင်တယ်လေး။
ရေအိုးကိုရွက် ကျောင်းလိုက်ဟန်
ခြေတစ်လှမ်း သိန်းသန်းကုဋေ
ထိုက်တန်တယ်လေး။
မြတ်ဘုရားရှေ့  ထပ်တွေ့ ပြန်
မြင့်မြတ်သောလကဆုန် ကြုံလာသူ
စံပယ်လက်ဝယ် မဖယ်တမ်းရွယ်
ရှေးရှေးကဖူးစာရွာ စီမံပေသော
သတ္တဘာဂပို့ ဆက်လာသူ
နှစ်တူတူတောင်းဆုယူမယ်
ကမ္ဘာတည်စို့ လေး။
ဘုရားကိုဝတ်ပြုဟန် ကြည်ညိုပေ၏
တော်ပါပေလေ မိန်းမမြတ်ဟု
ခေါ်တွင်လောက်တယ်လေး။
ဇဗ္ဗူလင်္ကျာတောင်ကျွန်း
ညောင်ရေသွန်းချိန် နှစ်ဦးတွေ့ ဆုံ
ဆုထူးပန်မယ်လေး။
စေတနာသုံးတန် ပြဌာန်းပါလို့ 
မဟာဗောဓိရွှေညောင် ရေသွန်းမင်္ဂလာ
ပြုချိန်ဝယ်ကြုံတွေ့ ရပေ။
ရူပါရုပ်ဆင်း လှယမင်းနှယ်
ပဝင်းကြည်လင် ကျော့ရှင်းတဲ့သူ
ရှေးရေစက် ဆုံလာပြန်
မေတ္တာဂရုဏာပွား ချစ်ပါ့ရစေလား။
မျက်နှာတော် ဆေးမခြယ်သ
ပင်ကိုယ်ချောမို့  သဘောကောင်း၏
ပေါင်းဖို့ ရန် ဘုရားမှာဆုပန်
တူပြိုင်ကာနွှဲ အချစ်ပွဲကို
မြန်းချင်တယ်လေး။
ရေအိုးကိုရွက် ကျောင်းလိုက်ဟန်
ခြေတစ်လှမ်း သိန်းသန်းကုဋေ
ထိုက်တန်တယ်လေး။
မြတ်ဘုရားရှေ့  ထပ်တွေ့ ပြန်
မြင့်မြတ်သောလကဆုန် ကြုံလာသူ
စံပယ်လက်ဝယ် မဖယ်တမ်းရွယ်
ရှေးရှေးကဖူးစာရွာ စီမံပေသော
သတ္တဘာဂပို့ ဆက်လာသူ
နှစ်တူတူတောင်းဆုယူမယ်
ကမ္ဘာတည်စို့ လေး။
ဘုရားကိုဝတ်ပြုဟန် ကြည်ညိုပေ၏
တော်ပါပေလေ မိန်းမမြတ်ဟု
ခေါ်တွင်လောက်တယ်လေး။
ဇဗ္ဗူလင်္ကျာတောင်ကျွန်း
ညောင်ရေသွန်းချိန် နှစ်ဦးတွေ့ ဆုံ
ဆုထူးပန်မယ်လေး။
Tuesday, 21 May 2013
အပျိုစင်ဘဝမှ.....အိမ်ထောင်ရေးဆီသို့ (၂)
(ရည်းစားဟောင်းကိုလက်ရှိဘဝမှာမေ့ထားပါ)
မိမိတို့ အနေနဲ့ အိမ်ထောင်မကျခင်ချစ်သူရည်းစားဆိုတာရှိခဲ့မှာပါ
တစ်ချို့ လည်းရှိချင်မှရှိခဲမှာပါတကယ်လို့ ရှိခဲ့ရင်တော့အဲဒီရည်းစားဟောင်းနဲ့ 
ဇာတ်လမ်းတွေရှိခဲ့ရင်တော့ကိုယ်ရှေ့ ဆက်သွားမဲ့အနာဂတ်မှာသယ်မလာစေချင်ဘူး
ဘာဖြစ်လို့ ဆိုရင်ကိုကအိမ်ထောင်ကိုထမ်းသိမ်းနေရတဲ့အိမ်ထောင်ရှင်မတစ်ယောက်လေ
ကိုယ်ရဲ့ မဖြစ်နိုင်တော့တဲ့ချစ်သူကိုသတိရနေမဲ့ အစားလက်ရှိဘဝမှာရှိတဲံ့ကိုယ်ရဲ့ 
လင်ယောင်္ကျားအပေါ်ကိုအချစ်ပိုမယ်ဆိုရင်အလွန်သာယာတဲ့အိမ်ထောင်တစ်ခု
ဖြစ်လာမှာပါအဲလိုမှမဟုတ်ပဲချစ်သူဟောင်းကိုသာသတိရနေမယ်ဆိုရင်
ကိုယ်အိမ်ထောင်ရေးမှာပြဿနာတွေဖြစ်လာမှာမလွဲဧကန်ပါပဲ.....
(အိမ်လည်မကျူးပါနဲ့ )
အပျိုစင်တစ်ယောက်အနေနဲ့ အိမ်ထောင်သည်ဘဝရောက်ပြီဆိုရင်
ကိုယ်ရဲ့ လင်ယောင်္ကျားစီးပွားရှာသွားနေတဲ့အခိုက်မှာ
ကိုယ်အိမ်မှာတစ်ယောက်တည်းကျန်နေခဲ့ချိန်မှာသူများအိမ်ကို
လိုတာထက်ပိုမလည်သင့်ပါဘူးရှေးလူကြီးသူမတွေကအိမ်လည်လွန်သောမိန်းမကလေးတစ်ယောက်ကို
မိန်းမကောင်းလက္ခာနှင့်မညီဖူးဟုအဆိုရှိကြပါသည်။အိမ်လည်ကျူးတော့အများသူတွေပြောသော
ဟုတ်တာတွေရောမဟုတ်တာတွေရောကြားရပါများလာရင်တစ်ချိန်မှာကိုလင်သားကြောင်း
နည်းနည်းလေးသူများကမဟုတ်တာပြောလာခဲ့ရင်ကိုယ်ရဲ့ စိတ်ကသံသယတွေ
ဝင်လာပြီလင်မယားတွေကွဲကြပြဲကြဖို့ ဆိုတာဖြစ်လာမှာဆိုတာမှတ်ထားသင့်ပါသည်။
(အပြင်မီးကိုအတွင်းမသွင်းနှင့်အတွင်းမီးကိုလည်းအပြင်မထုတ်နှင့်)
ကိုယ်အနေနဲ့ အိမ်ထောင်သည်ဘဝရောက်ပြီဆိုရင်ဘဝကပေးတဲ့
ဒုက္ခတွေ သုခတွေကြားမှာဖြတ်သန်းရမှာမလွဲမသွေ့ ပါပဲ
အဲလိုကြုံကြိုက်လာရင်တော့ကိုယ်အိမ်တွင်းပြဿနာတွေကို
အပြင်ပတ်ဝန်းကျင်ကိုထုတ်ခါမပြေပါနဲ့ ကိုယ်ရဲ့ အဆိုးတွေကိုပတ်ဝန်ကျင်းမှာ
ဖြေချပြရင်ကိုယ်ဂုဏ်ကိုယ်ပြန်ဖော်တာနဲ့ အတူတူပါပဲ
အဲတာကြောင့်အတွင်းမီးကိုအပြင်မထုတ်သင့်ပါဘူး
နောက်အပြင်ကသူများဒုက္ခမီးတွေကိုလည်းကိုယ်အိမ်တွင်းကိုမသွင်းသင့်ပါနဲ့ 
ကိုယ်လင်သားကစီးပွားရှာပြီမောမောပန်းပန်းပြန်လာချိန်ကိုယ်က
အကြင်နာစကားတွေပြောရမဲ့အစားဘယ်သူကတော့ဘယ်ဘာညာဆိုပြီး
ပြောဆိုနေရင်ကြာလာရင်လင်ယောင်္ကျားကကိုယ်အပေါ်စိတ်ကုန်လာပါလိမ့်မယ်
စိတ်ကုန်လာတာနှင့်အိမ်ထောင်ရေးထိခိုက်ပြီးလင်မယားကွဲကြမှာအမှန်ပါပဲ
အဲတော့အတွင်းမီးကိုလည်းအပြင်မထုတ်ပဲအပြင်မီးကိုလည်းအတွင်းအသွင်းပါနဲ့ လို့ 
ပြောချင်ပါသည်.........
ဆက်လျက်စောင့်မျှော်ရန်.............
စိတ္တသုခကာယသုခပြည့်စုံကြပါစေ.....ညီညွတ်ညိန်း
Monday, 20 May 2013
**လကဆုန်***.....
ရာသီဓလေ့ ပျော်မွေ့ စရာ
ကဆုန်ပြိဿ ကြယ်ဝိသာခါ
တိမ်ဗွေထက်မှာ ရောင်ခြည်ရွှန်းဖြာ
ထွန်းတဲ့အချိန်ခါ။
စကားဝါငုံ ထုံသင်းလို့ 
စုံကန္တာ ဟေမာမြိုင်ထဲ
ရွှေကျေး အပျုံသင်
ဟိုမှသည်ကူး မြူးကြရှာ။
ဟိုတောင်ဆီက မိုးသားမိုးမြူ
တိမ်သားညိုတွေ တစ်ရွေ့ ရွေ့ လာ
လျှပ်ပန်းလျှပ်နွယ် ရောင်စဉ်ခြယ်လို့ 
ကောင်းကင်ငိုဟန် တစ်မျိုးလှချိန်ခါ
တိမ်သလ္လာတွေ လေဝင်နှောက်တော့
ဘယ်ဆီသို့ ပြေး ရွှေမိုးပစ္စုန်
ရွာမရောင်နှင့်ဝေး။
ဝဿန်မလာ ဤရာသီမှာ
ပူပင်ပူငြား ပူသော်ငြားလည်း
ရွက်လှအိုးငယ် အစီရီဖြင့်
မဟာဗောဓိ ပင်ညောင်ခြေရင်း
ရေသွန်းမင်္ဂလာ အခါတော်ကို
ကဆုန်လပြည့် ဗုဒ္ဓနေ့ ဝယ်
နွှဲကြတယ်လေး။
စိတ္တသုခကာယသုခပြည့်စုံကြပါစေ.....ညီညွတ်ညိန်း
Sunday, 19 May 2013
အပျိုစင်ဘဝမှ....အိမ်ထောင်ရေးဆီသို့ 
အပျိုစင်တစ်ယောက်အနေနဲ့ အရွယ်ရောက်လာတာနှင့်အမျှ
အိမ်သည်ဘဝသို့ မလွဲမသွေ့ ကူးကြရမှာအမှန်ပါပဲ
ဒါမှမဟုတ်ပဲလောကုတ္တရာအကျိုးအတွက်အလုပ်လုပ်မယ်ဆိုရင်
တော့အကောင်းဆုံးပါပဲလေသို့ ပေမဲ့ ကာမဘုံသားဆုံလည်နွားမို့ 
လောကီရေးရတွေကနေရုန်းထွက်ဖို့ လည်းအတော်ကြီးစာရပါတယ်
အဲလိုရုန်းမထွက်နိုင်ချိန်အိမ်ရာထူထောင်လူဘောင်လောက
ကျင်လည်ကျမည်ဆိုလျှင်ကိုယ်မိသားစုရေးလှပဖို့ ဆိုတာ
အိမ်ထောင်ရှင်မတွေကအဓိကကျလှပါသည်။
ကိုယ်အနေနဲ့ အိမ်ရာထူထောင်တော့မည်ဆိုလျှင်အရင်ဆုံး
ကိုဘဝရဲ့ လက်တွဲ ဖော်ကိုရွေးချယ်ရာမှာအရေးကြီးတာကို
သတိချပ်သင့်ပါတယ်ကိုတွဲမဲလက်တွဲဖော်ရဲ့ အားနည်းချက်အားသာချက်
တွေကိုအရင်ဆုံးလေ့လာပြီးမှကိုယ်အနေနဲ့ လက်တွဲသင့်မသင့်ကို
ဆုံးဖြတ်ချက်ချတက်ဖို့ လိုအပ်ပါသည်။
(ပုရိသတို့ သဘောသဘာဝ)
လောမှာယောင်္ကျားအမျိုးစားများစွာရှိပါသည်တစ်ခုချင်းစီမှာလည်း
အားနည်းချက်အားသာချက်ကလေးတွေရှိတယ်ဆိုတာကြည့်လော့
ယောင်္ကျားအမျိုးစားများ
(၁)အသကယောင်္ကျား
(၂)မြိဂယောင်္ကျား
(၃) ပြိဿယောင်္ကျား
(၄)အသွယောင်္ကျား
အထက်ပါလေးမျိုးလေးစားမှခွဲထွက်သွားတဲ့အမျိုးမည်တွေများစွာရှိပါသည်
"အသကယောင်္ကျားလက္ခဏာများ"
ကိုယ်ရနံ့ ပန်းရင်း၏အနံ့ ကဲသို့ ရှိခြင်း
လက်ဖဝါးနူညံ့ပျော့ပျောင်းခြင်း
ခြေချောင်းလက်ချောင်းရှည်လျားချင်း
ရင်အုပ်ကျယ်ခြင်း
ချက်နက်ခြင်း
အိမ်သို့ ကိန်းဝင်သောပုရိသသဘောရှိခြင်း
ကိုယ်အရသာရှိ၏
ချွေးပေါက်တစ်ခုစီမှာမွေးညှင်းတစ်ပင်စီပေါက်ခြင်း
ရွှင်ပျပြုံးချိုသောမျက်နှာရှိခြင်း
ကုသိုလ်ကောင်းမှု့ ကိုအစဉ်မပြတ်ပြုလုပ်လိုသောအလေ့ထစိတ်ဓါတ်ရှိခြင်း
သူတစ်ပါးပေါ်သနားချစ်ခင်စိတ်ရှိခြင်း
သီလစောင့်ထိန်းခြင်း
ခွန်အားအသင့်တင်ရှိခြင်း
ဆံမုတ်ဆိတ်ရှိခြင်ူး
လက်ကတီးမွေးအိနြေ္ဒမွေးရှည်ခြင်း
လိင်၏နိမိတ်မိမိလက်လေးသစ်ခန့် ရှိခြင်း
(မြိဂယောင်္ကျားအမျိုးစားလက္ခဏာများ)
မှန်ကန်သောစကားကိုဆိုခြင်း
သည်းခွတက်မှု့ ရှိခြင်း
တစ်ပါးသူအပေါ်သနားချစ်ခင်စိတ်ရှိခြင်း
ဂုဏ်အားဖြင့်ကြီးမြင့်သူ၊အသက်အားဖြင့်ကြီးသူများအပေါ်ရိုသေလေးစားတက်ချင်း
တစ်ပါးသူအပေါ်မကဲ့ ရဲ့ အပြစ်မဆိုတက်ခြင်းပြေပြစ်ချစ်ဖွယ်စကားများကိုသာဆိုတက်ခြင်း
ဖားငါးစသည့်တို့ ကိုမက်မက်မောမောမစားတက်ခြင်း
ပညာကိုခုံမင်မှုရှိခြင်းရယူလိုခြင်း
ကုသိုလ်ကေားမှု့ ပြုလုပ်လိုခြင်း
ကိုယ်ရနံ့ ကသေရည်နံ့ ရှိခြင်း
ကိုရသာဖန်ခြင်း
ပုရိသနိမိတ်ကလက်မိမိ၏လက်ရှစ်သစ်ခန့် ရှိခြင်း
(ပြိဿယောင်္ကျားအမျိုးစားလက္ခဏာများ)
ကိုယ်အသားရေတင်းမာတက်ခြင်း
ဆူဖြိုးသောအရသာကိုခုံမင်စွာစားတက်ခြင်း
ကခြင်းသီဆိုခြင်းတီးမှုတ်ခြင်း၌အာရုံခွစားမှု့ လွန်ကဲခြင်း
လောဘရမ္မကြီးခြင်း
တစ်ပါးသူဇနီးမယားကိုပြစ်မှားတက်ခြင်း
အသံကောင်းခြင်း
မေထုံမှီဝဲမှုအားသန်လွန်ကျူးခြင်း
တစ်ပါးသူကိုကဲ့ရဲ့ ငြူစူစောင်းမြောင်းပြောဆိုတက်ခြင်း
ကိုယ်ရနံ့ ကပျားရနံ့ ကဲ့သို့ ရှိခြင်း
ပုရိသနိမိတ်ကမိမိလက်ရှစ်သစ်ခန့် ရှိ၏
(အသွယောင်္ကျားအမျိုးစားလက္ခဏာများ)
မိမိဥစ္စာပစ္စည်းများကိုနှမြောတွန့် တိုတက်ခြင်း
တစ်ပါးသူပစ္စည်းဥစ္စာကိုလိုချင်တပ်မက်ခြင်း
မကောင်းမှုများကိုကျူးလွန်တက်ခြင်း
တစ်ပါးသူဇနီးမယားကိုပြစ်မှားတက်ခြင်း
သစ္စာမဲ၍ ကျေးဇူးတရားကိုမသိမြင်တက်ခြင်း
ပညာကိုရယူလိုစိတ်မရှိခြင်း
ပညာရှိသူတော်စင်များကိုဆည်းကပ်လိုသောစိတ်ဆန္ဒမရှိခြင်း
နိမ့်ကျယုတ်ညံ့သောအကြံ၊ အပြုမှူတို့ ကိုပြုလုပ်လိုခြင်း
ကိုယ်လက်ဆူဖြိုးတောင့်တင်းခြင်း
လက်ကတီးမွေးအိနြေ္ဒမွေးရှည်ခြင်း
အရှက်ကြော်စိတ်ဓါတ်ကင်းမဲခြင်း
အတွေ့ ထူးသောအရသာများကိုနှစ်သက်စွာစားသောက်တက်လေ့ရှိခြင်း
ယောင်္ကျားကိုကြီးမားခြင်းလိင်အင်္ဂါကြီးမားခြင်း
ကိုယ်ရနံ့ ညှီခြင်း
ဝမ်းဗိုက်ဆူဖြိုးခြင်း
သွေးကြောတင်းမာခြင်း
ကိုယ်အရသာခါးစပ်စပ်ရှိခြင်း
ပုရီသနိမိတ်မိမိလက်တစ်ဆယ်နှစ်သစ်မူတစ်ဆယ်လေးသစ်ရှိခြင်း
မိမိတို့ အနေနဲ့ နှင့်ကိုယ်ဘဝလက်တွဲဖော်ကိုသေချာစွာစီစစ်တက်အောင်
ယောင်္ကျားတို့ လက္ခဏာများကိုသငိထားသင့်ပေးသည်
သို့ မှသာအိမ်ထောင်ရေးသုခအပြည့်ဝရရှိမည်ဖြစ်ပါသည်
ကိုယ်အနေနဲ့ လည်းဆင်ခြင်သင့်တာတွေများစွာရှိတယ်ဆိုတာလည်းမေ့မထားသင့်ပါဘူး
(ရည်းစားဟောင်းကိုလက်ရှိဘဝမှာမေ့ထားပါ)
မိမိတို့ အနေနဲ့ အိမ်ထောင်မကျခင်ချစ်သူရည်းစားဆိုတာရှိခဲ့မှာပါ
တစ်ချို့ လည်းရှိချင်မှရှိခဲမှာပါတကယ်လို့ ရှိခဲ့ရင်တော့အဲဒီရည်းစားဟောင်းနဲ့ 
ဇာတ်လမ်း....................
ဆက်လျက်စောင့်မျှော်ရန်.............
မှတ်ချက်။ ။ကျမ်းကိုးဦးအောင်လွင်ဣတ္ထိယသျှတ္တရနှင့်ပုရိသလက္ခဏာများ
Saturday, 18 May 2013
လူဘဝဟူသည်.....ငိုချင်းရှည်
အူဝဲလို့ ငို၊မျက်ရည်ယိုလျက်
အမိဝမ်းမှဆင်း။
ရင်သွေးရတနာ၊အသံစာစာ
မာတာမိခင်၊ကြားရချိန်ဝယ်
ငါ၏ရင်သွေး၊ရတနာလေးမှာ
နို့ ချိုဆာ၍ငိုရှာသည်။
ငယ်စဉ်ဘဝ၊မိဘရင်ခွင်
ဆိုးကာနွဲ့ ကာ၊ကြီးပြင်လာ
လောကဇာတ်ခုံ၊ကျရာကြုံရာ
ကခဲ့ရရှာကခဲ့ရှာသည်။
ရင်နင့်သည်းချာသားသ္မီးတို့ ပေါ်
မိတို့ ဝတ္တရား၊ငါးပဉ္စလီနှင့်
ထိမ်းလက်ထပ်၊ပေးအပ်ခြင်းကို
ပြုပေးခဲ့သည်။
ကြင်သူသက်ထား၊ဇနီးမယား
ရခါစဝယ်၊ကိုကိုမောင်မောင်
တီတီတာတာပြော၊ချစ်ဇောကြွယ်
အိမ်ထောင်သုခ၊ဲပြည့်ဝဖို့ ရေး
နေ့ ထွက်နေဝင်၊ရှာဖွေဥစ္စာ
မနေမနား၊လွန်းကြိုးစား
အတ္တတွေဖုံး၊တစ်ပြုံးပြုံးပေါ့
မောဟမာန၊ထောင်လွှားပြကာ
ကိုယ်ကျိုးကိုယ်ကြည့်၊ငါ၏အိုးအိမ်
ပြည့်တင်းရန်သာ၊လောဘကပ်တော့သည်။
မည်သို့ ပင်ကြံ၊ကံခြေမဟန်
ဖန်လေပြန်တော့၊အိမ်ကဇနီး
အပူမီးရှို့ ၊တစ်ငွေ့ ငွေ့ လောင်
ဒေါသထောင်ကာ၊ဆူပူကြိမ်ဆဲ
ရန်မီးကျဲ၏။
ဘဝရထား၊ဆုံလည်နွားလို
ကျင်လည်နေမှန်၊ဇရာထန်ချိန်
အိုမင်းရော်၊အရိုးပေါ်တဲ့
ခန္ဓာဆဲခါနီးဒုက္ခမီးကစ
အဟုတ်ပင်မလွဲမသွေ့ 
(အမလေး)သွားရတော့မည်။
မရဏဘေးမလွန်မှန်။ဆက်ရန်ရှေ့ ဘဝ
ဒါနမပါ၊သီလမရှိ
သည်ခရီးကိုဖြင့်။ဘယ်လိုပင်ရှေ့ ဆက်ရမည်။
တွေးလိုက်တိုင်းတွေးလိုက်တိုင်း
မျက်ရည်ရယ်ဝိုင်း ဘဝအစမှာ
ကျတဲ့မျက်ရမျက်ရည် အခုလည်းကျပြီ
သံသရာတစ်လျောက်လုံးကျရပေဦးမည်။
Subscribe to:
Posts (Atom)