စာ

ဘုရား၊တရား၊သံဃာ၊မိဘဆရာသမားတို့ ကိုဦးထိပ်ထားလျက်.....ညီညွတ်ညိန်း

Monday, 4 March 2013

ရှက်တက်ပါစေ

ယဉ်ကျေးသိမ်မွေ့ ၊ဓလေ့မဟာ
မြန်မာတွေမှာ၊ကွယ်ကာပျောက်ပြီး
အတိုတွေဝတ်၊ကျွတ်မကျရုံ
မလုံတလုံ၊ဝတ်ရုံကိုပဲ
ခုံမင်လာကုန်၊မကြာချိန်မှာ
ဗလာကျင်းနဲ့ ၊လူရှေ့ ထင်းသား
နေလာတော့မည်။
ဟိုးယခင်က၊ခင်နှမတွေ
ယဉ်လှပေသည်၊ပြည်တန်လေ၏
သြော်..ကိုယ်နေရာ၊မေ့ကာထားပြီး
တိုင်းတစ်ပါးကို၊နှစ်လိုနေပုံ
ဒေါင်းယောင်ဆောင်သော၊ကျီးဖြစ်နေတာ
မသိလေလား၊မေ့ထားတာလား
ယဉ်ကျေးမှု့ ပျောက်၊မျိုးဂုဏ်ပျောက်မှာ
စိုးကြောက်မိ၏။
မြန်မာဆန်ဆန်၊ပင်ကိုယ်အလှ
ခင်နှမတို့ ၊အလှနဲ့ လေ
လိုက်ဖက်ပေတာ၊သတိရပါ
ပါးပြင်ထက်ဝယ်၊သနပ်ခါးခြယ်
မြင်ရသူတွင်၊စိတ်ဘဝင်လန်း
သိစမ်းပါကွယ်။
ဘယ်တိုင်းဌာနီ၊မေးလာပြီတဲ့
ဖြေရန်ခက်ပြီ။
ကမ္ဘာသိသော၊မြန်မာဟူသည်
ယဉ်ကျေးပါဘိ၊ခင်နှမရယ်။
ပြင်ဆင်စေကွဲ့ ။အယူလွဲတွေ

No comments:

Post a Comment