စာ

ဘုရား၊တရား၊သံဃာ၊မိဘဆရာသမားတို့ ကိုဦးထိပ်ထားလျက်.....ညီညွတ်ညိန်း

Wednesday, 8 May 2013

ပန်းပွင့်ရာလွမ်းစေ


ကံဇာတာ အခြေမဟန်
ကြင်သူနဲ့ ဝေး ဖြေမဧ
နိုင်ဘူးနော် ယိုင်သည့်အသည်း
မေ့အတွက်ပါ နေ့ ရက်ဆက်ကာ
နာရီလည်ပတ် ဖြေရခက်
တော်တော်နှိပ်စက် ဒဏ်ချက်ထပ်
အခံရခက်တာမို့ လွမ်းတယ်လေး...။
ကျွမ်းတယ်ကျွမ်းလု မှန်းမျှော်ရမ်း
ဘယ်စခန်းဆီ မြန်းနေပ
သြော်..လှမ်းနေသမျှ လွမ်းရပေ
နွမ်းသမျှစိတ် ဘဝင်ကြေ
ဖြေမရွှင်ဘူး မေ့ ကိုရည်စူး
ပန်းပျိုးသာထား ဖူးငုံပွင့်လွှာ
စုံညီစွာ ထည်ဝါပွင့်လန်း
လန်းပြီလေး။
တစ်ကိုယ်ရေ မှိုင်ငေးကာ
ထိုင်တွေးတာမို့  ကြာတော့ရုပ်သွင်
ဇရာဖက်လို့  အပျက်ဘက်ရောက်ပြီ
မောင်ငယ်ချစ်ရေ....ဆွေး.....။

No comments:

Post a Comment