တောင်ကျွန်းသပြေတက်နေစိုးလို့
တက်နေကွန့်မြူးထွက်ကာပြု
ဇဗ္ဗူဝယ်ဘက်မတူပြိုင်သူကင်း ဘုန်းရှိန်ထွန်းတောက်
လျှမ်းမောက်ဝေဖြာ ကြက်သရေတစ်မျိုးစုံတဲ့မင်း
ရတနာထိန်ထိန် စိန်ကျောက်ဝေဖြိုး
ရှိန်းဂုဏ်မောက်၍ ပိုင်စိုးနင်းသည်
လျံတေပျံ့သင်း မင်းနန္ဒာမည်ငယ်
မယွင်းပါပြီ ဘုန်းတော်ထွန်းလို့
မဟာမျိုးလယ်သတိုးဆွေနွယ်
နန်းရှင်မိုးလေး
***ချစ်ခွန်းစာလွှာ**
နန်းပင်တိုင် အလယ်ကလေသင့်ရာမွှေး
ငွေသဇင်ပွင့်လွှာငယ်ဝင့်ကြွားကာထည်
ကြူမွှေးခူးချင်ရက် မခူးသာတယ်လူးသာကြည်လို့
မောင်ငေးပြုံးအသွင်
ဖူးကာပွင့်မေကိုထူးတင့်တယ်ခူးလင့်သည့်
စာပေရင်ညှာစူးရှ ကာရယ် နန်းလွှာသဇင်ညှာရယ်
ညွှတ်ပါတော့ကွယ်
***ချစ်ခွန်းပြန်စာ**
ခက်ညွန့်ဖြာဖြာ ပင်မြင့်ယံမှာ
ဖူးငုံအာပွင့်အလှတင့်သည့်
ပန်းမာလာထုံထုံကြူးမွှေး
ပန်းတစ်ခိုင်ဖြူဖွေး
တစ်ပင်တိုင်နန်းသူလေးမို့
မြူသွေးမောင်ဆွယ်
သဝဏ်လွှာပါးညွှန်းစာဖွဲ့ဆို
လွှတ်လေသူ ပျိုညွတ်ချင်သော်လည်း
အို...ဆွတ်လျှင်ကြွေမကျစေဖို့
မေလှလှလှမ်းရန်တွက်
ပန်းကလပ်သာပြင်
နောင်မမုန်းနဲ့မောင်ဘုန်းသခင်ရယ်
နှစ်ဖြာသုခချမ်းသာကြပါစေ.....ခေတ်သစ်မင်းနန္ဒာ
No comments:
Post a Comment