အမေကမွေးအဖေကကျွေးလောကအလယ်ရောက်လာခဲ့ပြီ
ကံကြမ္မာအခွင့်ရေး
မပေးလေတော့
ဘဝဝမ်းရေးခက်လှတယ်...
ကံဇာတ်ဆရာအလိုကျ
ကခဲ့ရဘဝဇာတ်ရုပ်စုံ
သောကအဖုံဖုံ
လောကဇာတ်ခုံဝယ်
ငိုတစ်ခါရယ်တစ်လှည့်
မနွဲ့ စတမ်းကခဲ့ရတယ်...
အချိန်တန်အရွယ်ရောက်မိဘအိမ်ကိုဖနောင့်နှင့်ပေါက်
လောကအလယ်ဆရာကြီးသဖွယ်
လျှောက်သွားကြတော့...
အပင်အိုတော့အရိုးကျန်မိဘတွေအိုတော့
ဆံဖြူသွားကြွေ
ပါးရေနားရေတွန့် လိပ်နေ
အဟောင်းသစ်ပင်
မိဘရင်ခွင်အေးမြထာဝစဉ်
သို့ ပါသော်လည်း
တစ်ယောက်မှရောက်မလာ
မိဘရင်ခွင်ကမ္ဘာ...
အကိုင်းအခက်ကျိုးမြေသို့ တိုးမှ
နိုးထစိတ်ဘဝင်
အေးမြအရိပ်ရှင်တို့ ထံ
နောင်တတစ်သိုက်
ရင်ဝယ်ပိုက်လို့ 
စိုက်စိုက်ရောက်လာ
ငိုပွဲတစ်ရာဖြင့်..........
No comments:
Post a Comment