စာ

ဘုရား၊တရား၊သံဃာ၊မိဘဆရာသမားတို့ ကိုဦးထိပ်ထားလျက်.....ညီညွတ်ညိန်း

Friday, 2 November 2012

***ချစ်နှမအတွက်**.....

ကံကြမ္မာရေစက်

ဆုံတွေ့ခဲ့ရပြီ

ကြုံလာဒီဘဝချစ်နှမ

ပွေလီဆန်းပြားလေကမာယာများကြား

သောကခြေရာမရှိ

အလှပဆုံနေ့တွေအတိ

ပိုင်ဆိုင်ပါစေချစ်နှမရေ

တစ်အူထုံဆင်းမဟုတ်ငြားလည်း

ဘဝရေစက်မို့သံယောဇဉ်

နွယ်ပင်တက်လေပြီ

ချစ်နှမရေတွေ့ကြုံဆုံကွဲ

ဓမ္မတာမှန်လဲပြန်ဆွဲထုတ်မရ

ခိုင်မြဲနေတာမို့နောင်သံသရာတိုင်

ချစ်ပြနေမည်ချစ်နှမရေ

ချစ်နှမရေ

အသိကိုဆင်ဥာဏ်ယှဉ်ပါမှ

ကြွေသည့်တိုင်မွှေး

ခရေပန်းလေးလို

ပန်းခြောက်ဘဝလဲ

ရနံ့မပြယ်လူချစ်ခင်မယ်

ချစ်နှမရေ

ဆုတောင်းပဏာ

ပြုနေလျက်မို့

ချစ်နှမသိစေဖွင့်ဟမခြွေ

လှစ်ခါမပြတာကို

ချစ်နှမအမျက်မာန်မရှနဲ့ကွယ်

နှစ်ဖြာသုခချမ်းသာကြပါစေ.....ခေတ်သစ်မင်းနန္ဒာ

No comments:

Post a Comment