စာ

ဘုရား၊တရား၊သံဃာ၊မိဘဆရာသမားတို့ ကိုဦးထိပ်ထားလျက်.....ညီညွတ်ညိန်း

Thursday, 24 January 2013

***ကြာပန်းပမာ**.....

ကြာနွယ်အလှ ဖြူလွှလွှပွင့်
အပုပ်နွံဝယ် နစ်မြုပ်မနေ
နွယ်ကိုဆန်ထုတ် ရေပေါ်တက်လို့ 
လှပတင်ဆန်း ပွင့်လန်းတာမို့ 
ဆွတ်ချူသူတွေ တကယ်ပေါလှ
ကြာနွယ်အလှ တင့်တယ်ပေစွ
အစစ်မှန်က နွံမနစ်ရ
ကျွန်ဖြစ်မခံ သခင်ဖြစ်ရန်သာ
ကြိုးစားအားထုတ် ပြုလုပ်သင့်ပေ
နွံတောမှာပျော် တော်လှပြီထင်
မှတ်ထင်နေက ဘဝပျက်သုဉ်း
နိဂုံးမလှပေ။
ကြာလိုရေပေါ် နေပျော်တက်မှ
လူတော်လူမော် တပ်ခေါ်သင့်မည်။
 
 

No comments:

Post a Comment