သန္ဓေစတည်ရင်သွေးငယ်ကို ကိုးလလွယ်ပြီး ဆယ်လတွင်းဖွား အို...မိခင်သည် မီးတွင်းထဲမှာ သေမင်းနှင့်စစ်ချီရပြီ... မွေးဖွားသန့်စင် ကလေးရုပ်သွင် မြင်သောအချိန် နာကြင်ပြင်းပြ ဝေဒနာတို့သည် ကင်းစင်လွင့်ပျောက် အပြုံးမျက်နှာ ဝေရှာနိုင်သည် ကျေးဇူးဂုဏ်အင်အနန္တပင်။ ဤလူဘုံဝယ် ဝင်ရောက်သည်မှ အိုဖခင်သည် လုပ်ကိုင်ကျွေးမွေး ဖခင်ပခုံး ကျွဲပခုံးပမာ အသားမာတည် ညိုညစ်ရောင်းသန်း သို့သော်ဖခင် ပြုံးရွှင်မပျက် အသည်းလှစွာ ဖွေရှာကျွေးခဲ့ ကျေးဇူးဂုဏ်အင်နှိုင်းမမှီ။ စိတ္တသုခ၊ကာယသုခ ပြည့်စုံပါစေ.....ညီညွတ်ညိန်း
No comments:
Post a Comment