စာ

ဘုရား၊တရား၊သံဃာ၊မိဘဆရာသမားတို့ ကိုဦးထိပ်ထားလျက်.....ညီညွတ်ညိန်း

Wednesday, 9 January 2013

***ရင်တွင်းဆုတောင်း**.....

လောကသစ္စာ မရှိရှာပြီ

မုသားတွေသုံး ပျော်မဆုံးဘူး

အတ္တကိုယ်ကပ် မာနကပ်လျက်

မပျော်ရွှင်အပ် မည်သို့ မည်ပုံ

လမ်းပြပေးလဲ ယိုရွဲစိတ်ဓါတ်

မခွာချပဲ မြဲမြဲသာလီ

ဆွဲဆွဲကိုင်ဆောင် လူဘောင်လောက

ခရီးဆက်နေ အတ္တရေကြော

စီးမျောလိုက်ပါနေလေတော့သည်။



ဟန်ဆောင်လှည့်ပတ်  သောကရက်ကြား

နှလုံးသွေးဖြူ  ကြည်ဖြူုစွာပင်

ပေးကမ်းလှူဒါန်း ဥဒါန်းမော်ကွန်

အလှဆင်ယဉ် ပြုံးရယ်စွာပင်

လောကတစ်ခွင် ကျင်လည်ပါမှ

လူဟုခေါ်အပ် အမည်တပ်ခေါ်

သင့်တော်ပေမည်.........

No comments:

Post a Comment