စာ

ဘုရား၊တရား၊သံဃာ၊မိဘဆရာသမားတို့ ကိုဦးထိပ်ထားလျက်.....ညီညွတ်ညိန်း

Friday, 5 October 2012

***နုတ်ဆက်ပြီလားဝသန်ရယ်**.....


တိမ်ညိုကင်းလျက်

ကောင်းကင်ယံထက်

ထက်ဝန်းကျင်ဝယ်

ပြာရီမှုန်ခြယ်

ကြည်လင်စွာရယ်

လှပနေ၏...




လေယူရာမွှေး

ပန်းယင်းမာရယ်

သင်းပျံ့လို့ကွယ်...


အဆင်းမလှ

သင်းတစ်မြမြ

ပန်းရနံ့ကြောင့်

အေးမြစိတ်ဘဝင်

ကြည်လင်လို့ရယ်...




နေမင်းရောင်ရှိန်

တောာက်ပချိန်မို့

ရေနေဂဏန်း

သေအံ့ဆဲဆဲ

မျှော်ရှာနေလည်း

မိုးမင်းဝသန်

သနားမကြင်

ထွက်ခွာရန်ပင်

ပြင်နေရှာသည်...



ပျော်ရွှင်ဆင်နွှဲ့

လှေလှော်သံလဲ

စဲသွားပြီမို့

လေရူးမုတ်သုန်

မိုးစက်မှုန်တို့

လွင့်ပါးပျောက်ကွယ်

နုတ်ဆက်ပြီလား.....ဝသန်ရယ်




***စံလွန်းတင်**





နှစ်ဖြာသုခချမ်းသာကြပါစေ.....ခေတ်သစ်မင်းနန္ဒာ

No comments:

Post a Comment