စာ

ဘုရား၊တရား၊သံဃာ၊မိဘဆရာသမားတို့ ကိုဦးထိပ်ထားလျက်.....ညီညွတ်ညိန်း

Friday, 26 October 2012

***ဆီမီးမြိုင်မြိုင်**.....


မြတ်ဘုရားဘဂဝါသည်

ဝါတွင်းကာလ၊သုံးလအတွင်း

တာဝတိံနတ်နန်း၊ကြွမြန်းခါရယ်

အဘိဓမ္မာ၊တရားမြတ်ကို

ဟောကြားအပ်သည်...



သုံးလဝါတွင်း၊ပြည့်တင်းအခါ

သီတင်းကျွတ်ဝယ်၊နတ်ဗြဟ္မာပေါင်း

ခြံရံလျက်၊ကွန့်မြူးရောင်ခြည်

အစုံညီနဲ့၊ကြွမြန်းလာသည်...


စန္ဒာလမင်း၊ထိန်ထိန်လင်းလို့

မြတ်ဘုရားကို၊ပူဇော်လေသည်

ရေသလ္လာထက်၊ရွှေကြာမြတ်လည်း

ပွင့်လန်းလို့သာ၊ဘုရားမြတ်ကို

ပူဇော်ရှာသည်...



လူဘုံတွင်ဝယ်၊ဆီးမီးမြိုင်မြိုင်

ပန်းမြိုင်မြိုင်နဲ့၊ကြွမြန်းလာလမ်း

မျှော်ရည်မှန်း၍၊ခြေလက်နဖူး

တံတောင်ဒူးနှင့်၊ငါးဦးပဉ္စ

ညီမျှစွာဖြင့်၊ဝပ်တွားခေါ်ရော်

ဦးချပူဇော်၊ကြည်ညိုသဒ္ဒါ

ပီတီဟုန်ဖြင့်၊မြတ်ဘုရားကို

ဦးခိုက်လေသည်...



နှစ်ဖြာသုခချမ်းသာကြပါစေ.....ခေတ်သစ်မင်းနန္ဒာ

No comments:

Post a Comment