စာ

ဘုရား၊တရား၊သံဃာ၊မိဘဆရာသမားတို့ ကိုဦးထိပ်ထားလျက်.....ညီညွတ်ညိန်း

Saturday, 20 October 2012

***အချစ်နဲ့ဘဝ**.....

***အချစ်နဲ့ဘဝ**.....

အချစ်ရေ

သတိရလို့တမ်းတ

လွမ်းရတဲ့ညတွေ

ညငှက်တို့အောမြည်သံ

အိပ်ယာထက်က

ဂစ်တာအို

သံစဉ်တွေမချိုတော့ဘူး...



ဘဝကကြမ်း

ခရီးလမ်းမို့

တူယှဉ်တွဲလက်

မြဲမြံရန်အတွက်

ဆုံးဖြတ်ရန်

ခက်နေပြီလား...


ကြမ်းတမ်းလောကဓံ

အချစ်အားမာန်နဲ့

အတူကျော်ဖြတ်

ပျော်ရွှင်နေ့ရက်ဆီကို

လှမ်းရအောင်နော်...



အချစ်နဲ့စ

အမုန်းနဲ့မဆုံး

ဘဝတစ်သက်လုံး

လက်တွဲသွားမယ်နော်...




***စံလွန်းတင်**





နှစ်ဖြာသုခချမ်းသာကြပါစေ.....ခေတ်သစ်မင်းနန္ဒာ

No comments:

Post a Comment