စာ

ဘုရား၊တရား၊သံဃာ၊မိဘဆရာသမားတို့ ကိုဦးထိပ်ထားလျက်.....ညီညွတ်ညိန်း

Sunday, 7 October 2012

***မေမေအတွက်လွမ်းခြင်းတပုဒ်**.....

အမေ
ဟိုး...အဝေးဆီကနေ
တမ်းတနေပြီ
မိဘရင်ခွင်နဲ့ဝေး
လောကကြီးတနေရာလေးမှာ
ထမင်းတလုပ်စားရဖို့ကို
မောမောပန်းပန်းရှာ...



ဟိုအရင်မိဘရင်ခွင်လေးမှာ
ရှိနေစဉ်ထမင်းကျေးဇူး
ဘာမှမသိ
နောင်တအသိတွေရယ်
နှောင်းသွားပြီလား
အမေရယ်...



မပြောင်းလဲတဲ့
မေတ္တာဂရုဏာ
ကြီးမားစွာနဲ့
မျှော်လင့်နေတာ
မိဘရင်ခွင်...



ရွက်ခြောက်အထီးကျန်
သစ်အိုပင်ကမ္ဘာ
မိဘရင်ခွင်ဟာ
သားသ္မီးတွေအတွက်
ထာဝရအေးမြ
အလုံခြုံဆုံးအရာ...



ညနေဆည်းဆာ
အိပ်တန်းပြန်
ငှက်မောင်နှံက
ကျီစယ်နေပြီ
အမေရယ်



မိဘကျေးဇူး
သင်အခုနားလည်ပြီလားတဲ့
ရင်ထုမတက်
နာကျင်ရပါပြီ...



အမေရယ်
လာချင်သော်
ဟိုးအဝေးဝယ်
ရောက်ကာနေသူအဖို့
ခြောက်ခြားခဲ့ရတဲ့
ညတွေတိုင်း
အမေလို့ထအော်နေမိတယ်...



ဪ...ခလုပ်ထိမှ
အမိတဆိုတာ
ဒါမျိုးလားအမေရယ်
ကံတရားကအခါခါ
ရိုက်ချိုးနေပြီ
အမိုက်ဆုံး
လူသားဘဝ
ဖြစ်များဖြစ်နေပြီလား...




***စံလွန်းတင်**






နှစ်ဖြာသုခချမ်းသာကြပါစေ.........ခေတ်သစ်မင်းနန္ဒာ

No comments:

Post a Comment