စာ

ဘုရား၊တရား၊သံဃာ၊မိဘဆရာသမားတို့ ကိုဦးထိပ်ထားလျက်.....ညီညွတ်ညိန်း

Friday, 5 October 2012

***အလှဆင်ပါ**.....

ဘဝတစ်ခွင်

ခဏပေမို့

နှလုံးသားဝယ်

အလှဆင်ပါကွယ်...


တွေ့ဆုံခဏ

မာနခဝါချ

ဖြူစင်အပြုံး

နှလုံးသွင်းလျက်

ကျင်လည်ကျက်စား

ဘဝတစ်ခွင်

မြင်သူချစ်ခင်

စိတ်ကြည်လင်၏...



ကံကြမ္မာရေး

မလှသေးလဲ

ဖြူစင်စိတ်ထား

မယိမ်းမယိုင်

သံမဏိတိုင်ပမာ

ခိုင်မာဆောက်တည်

မျက်ရည်ပူရက်တွေ

နည်းပေမည်...





***စံလွန်းတင်**






နှစ်ဖြာသုခချမ်းသာကြပါစေ.....ခေတ်သစ်မင်းနန္ဒာ

No comments:

Post a Comment