စာ

ဘုရား၊တရား၊သံဃာ၊မိဘဆရာသမားတို့ ကိုဦးထိပ်ထားလျက်.....ညီညွတ်ညိန်း

Saturday, 20 October 2012

***မျက်နှာများရာဟင်းဖတ်ပါမည်**.....

သက္ကရာဇ်ပြောင်း၊အဟောင်းမွေပျောက်

ရိုင်းစိုင်းဂုဏ်မောက်၊လူဘုံကျော်ကြား

ပညာရှိများ၊တောရပ်လားလို့

တောရိပ်ကိုခို၊နေရမည်ကို

ရှင်တော်ဘုရား၊မိန့်မှာထားသည်


လမ်းမှန်လိုက်က၊ညှင်းဆဲကြ

အမှန်ကိုပြော၊လူသူတော်များ

ဒဏ်ခက်ခါရယ်၊မြိုင်ရပ်သို့နှင်

ကပ်ဖားယက်ဖား၊လူငနွားများ

ဘုန်းတန်းခိုးတက်၊ဥစ္စာဘုံထက်


မပြည့်သည့်ရေ၊ဟောက်မြဲသာပင်

ရေရှိရာမိုးရွာ၊မျက်နှာရှိရာ

ဟင်းဖတ်ပါမည်၊ဖားနိုင်မှတန်

ှမဖားတက်လျှင်၊မြိုင်ရပ်ပြေးခို

မျက်ရည်စိုစို၊သွင်သွင်စီးကျ

ဘဝခရီးအဆုံးသတ်ရမည်




နှစ်ဖြာသုခချမ်းသာကြပါစေ.....ခေတ်သစ်မင်းနန္ဒာ

No comments:

Post a Comment