စာ

ဘုရား၊တရား၊သံဃာ၊မိဘဆရာသမားတို့ ကိုဦးထိပ်ထားလျက်.....ညီညွတ်ညိန်း

Friday, 26 October 2012

***သီတင်းကျွတ်ညလေးဆီသို့.....**.....


တိမ်သားညိုပြာ

ကင်းစင်လို့သာ

လမင်းကြီးလည်း

ဝင်းပထိန်လင်း

လှပနေရှာ

ကောင်းကင်ယံမှာ

သီတင်းကျွတ်ညဝယ်

တွေ့ဆုံပုံရယ်

မမေ့နိုင်ကွယ်...



ကိုယ်ဟန်ကျောရှင်း

ယဉ်ကျေးလို့ရယ်

ပါးပြင်ထက်ဝယ်

သနပ်ခါးခြယ်

မြန်မာဆန်ဆန်

လှတဲ့သူရယ်...



ဆီးမီးလက်ဝယ်

ကိုင်ဆောင်ကာရယ်

မြတ်ဘုရားဆီ

နှလုံးပီတီ

ရွှင်လန်းစွာရယ်

လှမ်းသွာလေသော

ခြေဖဝါးတော်

နုနုလေးမယ်

သွေးခြေဥမှာ

စိုးမိပါသည်...


မြတ်ဘုရားကို

ဝတ်ပြုလို့ကွယ်

ဦးခိုက်ပုံရယ်

မိန်းမမြတ်နှယ်

တော်ပါပေခင်

နဂိုယဉ်လေး

ခင်လေးနှမ

ပန်းနှယ်လန်းစေ...




နှစ်ဖြာသုခချမ်းသာကြပါစေ.....ခေတ်သစ်မင်းနန္ဒာ

No comments:

Post a Comment