စာ

ဘုရား၊တရား၊သံဃာ၊မိဘဆရာသမားတို့ ကိုဦးထိပ်ထားလျက်.....ညီညွတ်ညိန်း

Friday, 5 October 2012

***စကားဝါမြေမှချစ်တေးသံ**.....

အညာလေရူး

ဘယ်ခါမမေ့ဘူး

စွဲညှိခိုင်မာ

ကျောက်သားကျောက်ဆိုင်ပမာ

နှလုံးအိမ်ဝယ်

ရှိနေဆဲလေ...



စကားဝါရနံ့သင်းသင်း

ပန်ဆင်ပေး

ချစ်သူကေသာထက်ဝယ်

လှပတင့်တယ်နေ

မေ့မရပေ...



သံသာချိုတေး

စကားလေးပြောပုံ

အလှရယ်အယဉ်ဆင့်

ရင်ဘဝင်စွဲငြိ

ချစ်သည်နှမ

ခွန်းခြွေပြတော့

ရှက်စဖွယ်အပြုံး

မောင်ဖုန်းရူးပြီကွယ်...


သဉ္ဇာဆောင်ခန်း

အလှပန်းပမာ

ကြည့်ရှုသော်လည်း

ခင်နှမအလှ

ကြည့်မဝရှုစဖွယ်

ဖြစ်ပေမည်...




မှေးစက်ခေါ်ရော်

အိပ်စက်သော်မှ

ခင်နှမမျက်နှာ

တွေ့မြင်ရသည်



***စံလွန်းတင်**




နှစ်ဖြာသုခချမ်းသာကြပါစေ.....ခေတ်သစ်မင်းနန္ဒာ

No comments:

Post a Comment