စာ

ဘုရား၊တရား၊သံဃာ၊မိဘဆရာသမားတို့ ကိုဦးထိပ်ထားလျက်.....ညီညွတ်ညိန်း

Friday, 21 September 2012

*ကိုတံငါသည်**.....

*ကိုတံငါသည်**.....


မိုးဝလ္လာလင်းလုလု

ရောင်နီဦးအစ

တစ်မျိုးအလှပန်းချီစန္ဒာ

အခင်းကျယ်ပြော

ရေကြောထက်

လွင့်မျောခဲ့

ကိုတံငါသည်လှေငယ်

ကမ်းမှထွက်ခွာ...




လှေကိုလှော်ခတ်

ယှဉ်ကာသွား

ဧရာလှိုင်းနဲ့အတူ

တံငါသည်ဘဝမို့

ရေပြင်တစ်လွှား

ကွန်လွှာဖြန့်ခါ

ဘဝဝမ်းစာရှာ...



ရွှေငါးကြင်းခုန်ပျံရင်း

ရေပြင်လှိုင်းနဲ့ကူးခတ်လာ

ကိုတံငါဝမ်းသာစွာ

ကွန်လေးနဲ့ဖမ်းလို့သာ

တစ်နေ့ကုန်

မောမောပန်းပန်းရှာ...


နေမင်းအနောက်ကျွန်း

အလှဆင်ချိန်ဝယ်

အိမ်သူဇနီးသားသ္မီး

ကိုတံငါသည်ပြန်လမ်း

မျှော်ရည်မှန်း...



သူရိန်နုတ်ဆက်

လမင်းအလင်းစက်

ကျရောက်မြေပြင်

ထွန်းလင်းချိန်ဝယ်

ကိုတံငါသည်ပေါ်မလာသော်

ကျန်နေသူတို့စိတ်

ရင်ဝယ်တစ်ထိတ်ထိတ်

တိတ်တိတ်လေးငိုလေသည်...





***စံလွန်းတင်**




နှစ်ဖြာသုခချမ်းသာကြပါစေ.....ခေတ်သစ်မင်းနန္ဒာ

No comments:

Post a Comment