စာ

ဘုရား၊တရား၊သံဃာ၊မိဘဆရာသမားတို့ ကိုဦးထိပ်ထားလျက်.....ညီညွတ်ညိန်း

Friday, 21 September 2012

**ပျော်ရွှင်ဆင်နွှဲ့လှေလှော်ပြိုင်ပွဲသို့**.....

**ပျော်ရွှင်ဆင်နွှဲ့လှေလှော်ပြိုင်ပွဲသို့**.....


ဟိုးရှေးကမေပျို

ဘယ်ကိုလဲမေး

မမေးပါနဲ့အေ

ပျော်ရွှင်ဆင်နွှဲ့

လှေလှော်ပွဲသို့လေ...



တို့လဲလိုက်မယ်

ချန်မထားနဲ့ကွယ်

ပျိုမောင်ကြီးကို

အားပေးရမယ်...


ရေသလ္လာပြင်

လှေငယ်ဆင်

ပြိုင်ပွဲဝင်

မောင်တို့တွေ...



ကြိုးစားကြလေ

အောင်ပန်းဆင်ဖို့

ပျိုလေးစောင့်နေ

ပန်းကုံးစွပ်ဖို့...




ရိုးရာအလှ

တစ်မျိုးစာစီပြ

ချစ်စရာမြန်မာဓလေ့

မမေ့သင့်ပေ

ပျော်ရွှင်ဆင်နွှဲ့

လှေလှော်ပြိုင်ပွဲ...




***စံလွန်းတင်**




နှစ်ဖြာသုခချမ်းသာကြပါစေ.....ခေတ်သစ်မင်းနန္ဒာ

No comments:

Post a Comment