စာ

ဘုရား၊တရား၊သံဃာ၊မိဘဆရာသမားတို့ ကိုဦးထိပ်ထားလျက်.....ညီညွတ်ညိန်း

Saturday, 22 September 2012

ရက်မြတ်ဝါဆို

ဝါဆိုနဲ့အတူ
မြတ်လေးစံပယ်
ပန်းပေါင်းစုံညီ
ပွင့်ကြပေသည်...

ဝါလပြည့်
ဓမ္မစင်္ကြာနေ့တွင်ွ
မိမိတို့တက်အားသမျှ
ကိုဒါနပြုကာ
သီလဆောက်တည်
ကောင်းမူအထွေထွေ
ပြုကြပေသည်...

ဒီနေ့မှစကာ
တောင်သူလယ်သမား
လက်လုပ်လက်စား
သူဌေးသူကြွယ်
လူသားအားလုံး
တို့သည်လုပ်ငန်းကိုဆီ
နားခါတရားဘာဝနာ
ရှာပေသည်...

ဝါတွင်းသုံးလအတွင်း
သီလဆောက်တည်
ဘုရားသွားကျောင်းတက်
ကုသိုလ်ယူသည်...

တရားရေအေးတဝကြီး
သောက်သုံးကာနောက်ဆုံး
ဘဝမှာနိဗ္ဗာန်လမ်းတက်လှမ်းရန်
သီလတည်းဟူသော
အုတ်မြစ်ကို၎င်း
ဒါနတည်းဟူသော
ပန္နတ်ကို၎င်း
ဘာဝနာတည်းဟူသော
လှေကားကို၎င်း
ပြုကြကုန်၏...

လောဘ/ဒေါသ/မောဟ
မာန်မာနခဝါချကာ
ဘုရားရိပ်
တရားရိပ်
သံဃာရိပ်
အရိပ်သုံးပါးမှာ
စိတ်ရောကိုယ်ပါ
နစ်ခါအနှစ်သာရ
တရားရှာကြပေသည်...

နတ်လူဗြဟ္မာသာဓုခေါ်ပေသည်...


နှစ်ဖြာသုခချမ်းသာကြပါစေ.........ခေတ်သစ်မင်းနန္ဒာ

No comments:

Post a Comment