စာ

ဘုရား၊တရား၊သံဃာ၊မိဘဆရာသမားတို့ ကိုဦးထိပ်ထားလျက်.....ညီညွတ်ညိန်း

Saturday, 22 September 2012

***အလွမ်းလေညှင်း**.....


အလွမ်းလေကညှင်း
ပန်းတွေကြွေဆင်း
မြေပြင်တလင်းဝယ်
ရနံ့လေးကတော့
သင်းပျံ့နေဆဲ...



"အလွမ်း"တဲ့
စာလုံးလေးကသာ
နှစ်လုံးထဲပါ
တကယ်တမ်း
လက်တွေ့ခံစားရတော့
ရင်နှင့်မဆန်အောင်
တနင့်တပိုးပါပဲ...



ချစ်လျှက်နဲ့ဝေးနေရတာ
ဖြေရခက်တဲ့
အလွမ်းဝေဒနာ
အသည်းတွေလဲ
ကျွမ်းနေပါပြီ...



ပါးပြင်မို့မို့မှာ
အလွမ်းမျက်ရည်စို့စို့
ကြင်သူလာသုတ်
ပေးပါတော့ကွယ်...






***စံလွန်းတင်**






နှစ်ဖြာသုခချမ်းသာကြပါစေ.........ခေတ်သစ်မင်းနန္ဒာ

No comments:

Post a Comment