စာ

ဘုရား၊တရား၊သံဃာ၊မိဘဆရာသမားတို့ ကိုဦးထိပ်ထားလျက်.....ညီညွတ်ညိန်း

Friday, 21 September 2012

***စေညွှန်းရာ.....**.....


နှလုံးအိမ်ဝယ်

အပြုံးဆင်

အလှနတ်သခင်

ဘဝအပ်ခါ

တစ်သက်စာ

ကြင်နာပါရစေ...




ညင်သာပြောင်းနွဲ့

ဖယောင်းလက်

အမုန်းမြှားပစ်ဖို့

လေးမကိုင်ပါနဲ့

ဆွေးမှိုင်နေရသူကို

သနားပါသခင်....



မျက်နှာတော်မော်ဖူး

ကြည်နူးနေသူ

ရွှေရင်အစုံ

ခံနိုင်ရည်ဝတ်ရုံလွှာ

မရှိလို့ပါနော်...



သခင်စေညွှန်း

မငြင်းသာ

စစ်မြေတစ်လင်း

အသက်ပင်ရင်းရပါစေ...



သခင်ခြေရင်း

အမြဲပင်

ခစားပါရစေ...




***စံလွန်းတင်**




နှစ်ဖြာသုခချမ်းသာကြပါစေ.....ခေတ်သစ်မင်းနန္ဒာ

No comments:

Post a Comment