စာ

ဘုရား၊တရား၊သံဃာ၊မိဘဆရာသမားတို့ ကိုဦးထိပ်ထားလျက်.....ညီညွတ်ညိန်း

Sunday, 30 September 2012

***ကံကြမ္မာဓါးသွားအောက်ကပန်းတစ်ပွင့်**....

ကြွားကြွားဝင့်ဝင့်

အလှတင့်သည့်

အိုပန်းကလေးရယ်...




ပင်ယံမြင်မှာ

လှပသည့်မို့

ဂုဏ်မာန်ဝင်နေလား...



ဝတ်ရည်စုတ်လူး

ပျားဘီးလူးတို့လယ်

ပျော်ရွှင်မြူးကြွ

ပန်းဘဝဆိုတာ

ကြွေကျစမြဲဆိုတာ

မေ့နေပြီလား...




ကံကြမ္မာဓါးသွား

ပါးပါးလှီးနေတာ

မသိသာလို့

သတိမေ့နေတာလား...



ပွင့်ဖတ်ကြွေမြေခမှ

သတိရမှာလား

မေ့လို့မနေ

သတိဆင်ခြင်

ဥာဏ်ယှဉ်လို့သာ

ပန်းဘဝပန်းအလှ

တည်တံ့ပါစေတော့လား...ပန်းကလေးရယ်




***စံလွန်းတင်**





နှစ်ဖြာသုခချမ်းသာကြပါစေ.....ခေတ်သစ်မင်းနန္ဒာ

No comments:

Post a Comment