စာ

ဘုရား၊တရား၊သံဃာ၊မိဘဆရာသမားတို့ ကိုဦးထိပ်ထားလျက်.....ညီညွတ်ညိန်း

Saturday, 22 September 2012

နာမည်လေးသိပါရစေ** .....(*သတ္တဘာဂ-ဖူးစာနတ်မင်းကျေးဇူးပါ*)


ဘဂဝါမြတ်ဘုရား
ရည်းမှန်းကာရယ်
ဝါဆိုသင်္ကန်းကပ်ကြရာဝယ်
ဆုံလာတယ်
ခင်အမည်လေးကို
သိချင်ပါ၏ကွယ်...


ရူပါလှသူခင်ခင်နှမရယ်
သူဇာနတ်မယ်ထင်မိတယ်
မြင်မြင်သူချစ်ချင်ဖွယ်
ကျော့ရှင်းလှပပေတယ်

ရှေးရေစက်ကံ
ဆုံလာပြန်တယ်
မေတ္တာဂရုဏာ
တကယ်ကိုပွားမိတယ်
ယုံတော့ကွယ်
ခင်အမည်လေးကို
မေးချင်လှတယ်
ပြောခဲ့ပါလားခင်ရယ်...


မြတ်ဘုရားထံ
ဆုတောင်းမယ်
ပါရမီတူညီစေဖို့ကွယ်
အဟုတ်တကယ်ချောလှပေတယ်
မျက်နှာလေးမှာဆေးရောင်
မခြယ်သတယ်နဂိုချောလေးမို့
သဘောလဲကောင်းလောက်တယ်...


ဇဗ္ဗူလင်္ကျာတောင်ကျွန်းဝယ်
ဝါဆိုလသင်္ကန်းကပ်ချိန်
ခင်နဲ့ဆုံတွေ့ခဲ့ရတယ်...
ဆုထူးပန်ရွယ်ခါ
ပျော်ပျော်ရွှင်စွာ
သစ္စာပန်းဆင်းမြန်း
ခင်နှမကိုချစ်ကြိုးသွယ်...


မြတ်ဘုရားရှေ့ဝယ်
တစ်ခါထပ်တွေ့တယ်
မြင့်မြတ်တဲ့လဝါဆိုမှာ
ကြုံလာတယ်
စံပယ်ပန်းဖွေးဖွေး
လက်ဝယ်
မဖယ်တမ်းပရွယ်...


ရှေးရှေးတုန်းက
ဖူးစာရွာဝယ်စီမံ
ပေတော့တယ်
နှစ်ဖြာအတူတူ
တောင်းဆုယူ
အချစ်ကမ္ဘာတည်စို့ကွယ်...


တစ်ဦးမေတ္တာ
တစ်ဦးဆုံအောင်
စီမံနိုင်ပေတယ်

သတ္တဘာဂဖူးစာနတ်မင်းက
ပို့ဆက်လာတယ်
ဒေဝါနတ်မင်း
ကျေးဇူးအထူးတင်တယ်

်လောကဝယ်အချော
အလှတွေပြောလို့မကုန်နိုင်တယ်...



နှစ်ဖြာသုခချမ်းသာကြပါစေ.........ခေတ်သစ်မင်းနန္ဒာ

No comments:

Post a Comment