စာ

ဘုရား၊တရား၊သံဃာ၊မိဘဆရာသမားတို့ ကိုဦးထိပ်ထားလျက်.....ညီညွတ်ညိန်း

Friday, 21 September 2012

***ဆု**.....

***ဆု**.....


နှလုံးထက်ဝယ်

ဖွဲ့ခွေလို့ရယ်

ကျောက်စာသို့နှယ်

ခိုင်မြဲလို့ကွယ်

မယိုင်လဲသစ္စာ

အစဉ်မြဲသာ

ရှိလို့နေမှာ...



သခင်အပါး

အစဉ်ခစား

ကြင်နာခြင်များ

သိပါစေသား...


ရင်တွင်းလှိုက်ဖို

မျက်ရည်စိုစို

နှင်းငွေ့တွေလို

တဖွဲဖွဲငို...



လွမ်းရေတိုက်စား

ရက်တွေကများ

ပူလောင်ခြောက်သွေ့

အလွမ်းနေ့တွေ

ကုန်လွန်ပါစေ...




***စံလွန်းတင်**



နှစ်ဖြာသုခချမ်းသာကြပါစေ.....ခေတ်သစ်မင်းနန္ဒာ

No comments:

Post a Comment