စာ

ဘုရား၊တရား၊သံဃာ၊မိဘဆရာသမားတို့ ကိုဦးထိပ်ထားလျက်.....ညီညွတ်ညိန်း

Saturday, 22 September 2012

မေ့နိုင်ပါဘူး.....


မြင်ရတဲ့ အချိန်ကတည်းက
ရင်ထဲစွဲလမ်း ရိုးရိုးလေးနဲ့
ယဉ်ကျေးတဲ့သူလေးရယ်...
မမေ့နိုင်အောင်ဖမ်းစား
လှနိုင်သူလေးရယ်...

မူရာဟန်ပန်
နွဲ့သူလေးအတွက်
အသက်ကိုပင်မငဲ့ညှာ
ပေးဆပ်ကာချစ်ချင်တယ်...

ပါရမီကံရင့်သန်တယ်
နွဲ့မူဟန်အလှဂုဏ်
ကြွယ်သူရယ်...

ဘယ်လိုရှေးအကြောင်းကံ
ဆုပန်လာခဲ့လာသလဲကွယ်
မြင်သူတိုင်းငေးလို့
ချစ်ချင်စဖွယ်
လှနိုင်သူလေးရယ်...


မြင်ကတည်းက
မမေ့နိုင်ပဲ
အသည်းဆိုင်ထဲ
မောင်စွဲလမ်းရတဲ့
သူကလေးရယ်...

မျက်စိထဲမှာ
ဝဲလည်လည်
အိမ်မက်ထဲမှာ
ထင်ရောင်ကျီစယ်
စိတ်အစဉ်တွေ
အမြဲစိုးမိုးထားသူ
မေ့နိုင်ပါဘူးခင်...်

မျက်နှာလေး
ပြပြပြီး သူ့အလှ
သူ့ယုံကာ
အလှဂုဏ်မောက်ရှာတယ်...

တစ်နေ့တစ်ခြား
ချစ်အားတွေ
တိုးသထက်တိုးကာ
မေ့နိုင်ပါဘူး...

ရာသက်ပန်အဆုံး
ချစ်ဖို့ရွယ်လွဲရှောင်
ဖယ်ပါဘူးယုံကွယ်...

သံသရာဆုံးပါစေ
စောင့်ရသူအားမငယ်ပါ
နီးရမှာဆို
စောင့်ရကြိုးနပ်မယ်
လှခေါင်ရစ်ကြူး
ထူးပေတယ်...



နှစ်ဖြာသုခချမ်းသာကြပါစေ.........ခေတ်သစ်မင်းနန္ဒာ

No comments:

Post a Comment