စာ

ဘုရား၊တရား၊သံဃာ၊မိဘဆရာသမားတို့ ကိုဦးထိပ်ထားလျက်.....ညီညွတ်ညိန်း

Saturday, 22 September 2012

***မိုးနတ်သူဇာ**.....(*မိန်းကလေးတစ်ယောက်အလှကိုဖွဲ့ဆိုကြည့်ချင်း*)


ယက်ကန်းကလေးခက်ခါပင်
အကွက်ဆန်းလေးများဆင်
သနပ်ခါးပါးကွပ်ကြာလေးနဲ့
တအားလှတဲ့ခင်...


အသားတော်ဝါညက်ကယ်
ကိုယ်နေဟန်ကျော့ရှင်းလို့ရယ်
မြင်သူတကာစွဲမက်ဖွယ်...



မှုံနံ့သာသနပ်ခါးလေး
ပါးမှာအမြဲလိမ်းကာ
ဇင်ယော်တောင်မျက်ခုံးကလေးနဲ့
ချိုသာတဲ့အပြုံးတွေ
လှတစ်မျက်
ယဉ်တကိုယ်လုံး
အိနြေ္ဒတွေဖုံး...


ဟိုး...ရှေးကစာဆိုတွေ
သူကိုများတွေ့ခဲ့ပါရင်
စာပေဖွဲ့ဆို မိုးနတ်သူဇာလို့ပင်
တင်စားလိမ့်မည်...





အထူးတောင်းပန်ချက်။ ။မိန်းကလေးတစ်ယောက်အလှကိုဖွဲ့ဆိုစရာကျန်ရှိနေသေးရင်ခေတ်သစ်မင်းနန္ဒာရဲ့ညံ့ဖျင်းမူဖြစ်ပါကြောင်း.....ကြိုးစားလျှက်




နှစ်ဖြာသုခချမ်းသာကြပါစေ.........ခေတ်သစ်မင်းနန္ဒာ

No comments:

Post a Comment