စာ

ဘုရား၊တရား၊သံဃာ၊မိဘဆရာသမားတို့ ကိုဦးထိပ်ထားလျက်.....ညီညွတ်ညိန်း

Friday, 21 September 2012

***အတ္တကြားက လူသားဘဝ**.....

***အတ္တကြားက လူသားဘဝ**.....


ကျယ်ဝန်းလှတဲ့ 
လောကအလယ်
အမိဝမ်းတွင်းက
သက်ဆင်းခဲ့ ရပြီကွယ်...
ငယ်စဉ်အခါက
အဖြူရောင်စာမျက်နှာ
အချိန်တွေပြောင်းလဲ
နှောင်းခဲ့တဲ့အတိတ်က
အဖြူရောင် ညိုညစ်
မှောင်မဲသွားတယ်...အသက်ရှိထင်ရှား
ရှိစဉ်တုန်းက
ဂုဏ်ဓနချင်းပြိုင်
မာန်မာနတွေဖုံး
တပြုံးပြုံး...
အိုမင်းကုန်းကွ
သေမင်းခံတွင်းဝ
အရွယ်ရောက်သော်
ငယ်စဉ်အခါ
ပြုခဲ့ဒါန နည်းခဲ့ပြန်တော့
ဘဝနေဝင်ချိန်ဝယ်
မျက်ရေတသွင်သွင်စီးနေပြီ...

ဒါနကမွဲ
သီလမမြဲ
နောက်ဆုံးတော့လဲ
လက်ဗလာချည်နဲ့ 
အချိန်တော့ကြွေ
သင်္ချိုင်းမြေဝယ်
အပုပ်ခန္ဓာရုပ်ကို
အလှဆင်ကာ
ခြောက်ပေကျင်းဝယ်
သွတ်သွင်းတော့လေသည်...


        ***စံလွန်းတင်**


နှစ်ဖြာသုခချမ်းသာကြပါစေ.........ခေတ်သစ်မင်း

No comments:

Post a Comment