စာ

ဘုရား၊တရား၊သံဃာ၊မိဘဆရာသမားတို့ ကိုဦးထိပ်ထားလျက်.....ညီညွတ်ညိန်း

Saturday, 22 September 2012

***၂၁ရာစုရဲ့သမီးပျိုလေးများအလှဖွဲ့ဆိုကြည့်ချင်း**


၂၁ရာစု
သမီးပျိုလေးများ
အလှကိုစာပေဖွဲ့ဆို
ကြည့်ချင်ပါတယ်...


တကယ်လို့များ
ဖွဲ့ဆိုမူလိုအပ်ခဲ့ရင်တော့
ပြိုပျက်နေတဲ့
ကျွန်တော်ဦးနှောက်ရဲ့
လိုအပ်ချက်ဖြစ်ပါကြောင်း...



နုနယ်ပျိုမြစ်
စိုပြေဝင်းပ
ယမင်းအလှ
သူဇာလို
မြင်သူတကာ
စိတ်ဘဝင်မှာ
ရင်တဒိတ်ဒိတ်...


ဂစ်တာရှိတ်
အသွင်ပြင်လေးနဲ့
အပြုံးလေးများက
နှလုံးရင်ဝယ်
အေးစေတယ်...

ခါးသေးရင်ချီ
ပတ္တမြားအသွင်
အဆင်ဆန်းနဲ့
အို...လှချင်တိုင်း
လှနေကြတယ်
ဘယ်ရှေးဘဝက
ဆုတောင်းလဲကွယ်...



သူလှကိုယ်လှ
အလှချင်းပြိုင်ပါက
ဘယ်သူနိုင်မယ်
ခွဲခြားမရဘူး
၂၁ရာစု
သမီးပျိုလေးများရယ်...





နှစ်ဖြာသုခချမ်းသာကြပါစေ.........ခေတ်သစ်မင်းနန္ဒာ

No comments:

Post a Comment