စာ

ဘုရား၊တရား၊သံဃာ၊မိဘဆရာသမားတို့ ကိုဦးထိပ်ထားလျက်.....ညီညွတ်ညိန်း

Saturday, 22 September 2012

***မနောဖြူပါစေ**.....


လူသားဘဝ
အမိဝမ်းကသက်ဆင်းလာတော့
ဖြူစင်ပါတယ်
အပူပင်ဆိုတာ
မသိအူဝဲဆိုပဲ
ငိုခဲ့တယ်...



ဘဝတိုက်ပွဲကို
တကယ်တမ်း
လက်တွေ့
ဆင်နွှဲ့ရတော့
နဂိုကဖြူစင်စိတ်ထား
အခုကျ
ဘာမှကို
သုံးစားမရတော့ဘူး...



ကိုယ်ကလဲကောင်းမူမပြု
ကောင်းမူပြုသူကိုလဲ
အားမပေး
ရင်လေးစရာပါကွယ်...


ရုပ်ဆင်းရူပါ
မြင်သူတကာက
ချစ်ခင်လောက်အောင်
လှပသော်လဲ
စိတ်မနော
မဖြူစင်သောကြောင့်
လူဖြစ်ရှုံး၏...














***စံလွန်းတင်**



နှစ်ဖြာသုခချမ်းသာကြပါစေ.........ခေတ်သစ်မင်းနန္ဒာ

No comments:

Post a Comment