စာ

ဘုရား၊တရား၊သံဃာ၊မိဘဆရာသမားတို့ ကိုဦးထိပ်ထားလျက်.....ညီညွတ်ညိန်း

Friday, 28 September 2012

***တောင်ယာဝင်ချိန်အတွေး**.....


တောင်ယာဝင်ချိန်

ငွေရောင်မိုးစက်

ဖြန်းပက်လို့ရယ်...



ရွက်လူးပျိုငယ်

စိုပြေလန်းဆန်း

ညှာတံပေါ်ဝယ်

အရောင်အဆင်းနှင့်

ပန်းကလေးတွေ

ရနံ့သင်းသင်း

ပွင့်ကြပြီကွယ်...



နေဝင်ချိန်ဝယ်

ငှက်ကလေးတို့

သာယာဆိုတေး

အလွန်ချိုမြ

အို...လှပကာရယ်

အသီးပွင့်ပန်းတွေ

ယိမ်းကတော့မယ်...


ခင်နှမကိုကွယ်

တွေ့ရတော့မယ်

တွေးလို့ပျော်ရွှင်

ဝါကျွတ်ပွဲကို

လက်ထပ်ဖို့

ကြိုးစားနေပါသည်...



***စံလွန်းတင်**




နှစ်ဖြာသုခချမ်းသာကြပါစေ.....ခေတ်သစ်မင်းနန္ဒာ

No comments:

Post a Comment