စာ

ဘုရား၊တရား၊သံဃာ၊မိဘဆရာသမားတို့ ကိုဦးထိပ်ထားလျက်.....ညီညွတ်ညိန်း

Saturday, 22 September 2012

***ရင်မှနွယ်ဖွားရင်သွေးလေးများသို့**.....


အို...ရင်မှနွယ်ဖွား
သားနှင့်သ္မီးတို့
မိဘရင်ခွင်လေးကနေ
ခေတ္တဝေးကွာ
အဝေးအမှာကျန်းမာပါစ...



လူဘုံဝယ်ကံကြမ္မာ
အခွင့်ရေးမပေးလေတော့
ဟို...အဝေးဆီ
လွင့်ပါးနေ
မုသားများတဲ့
လောကအလယ်
အသိမကြွယ်
မျက်စိသငယ်
နားသငယ်
ဖြစ်များဖြစ်နေလားကွယ်...




စိန္တေမြတ်ထံ
နေ့စဉ်နဲ့အမျှ
အဖနဲ့အမိက
ပန်းဆီမီး
ရေချမ်းကပ်လှုကာရယ်
ဆုတောင်းပနာ
ပြုနေပါတယ်...



ဤပြုသမျှ
အကျိုးအားကြောင့်
ဝေးရပ်မြေခြား
သားသ္မီးများ
ဘေးရန်ကင်းကွာ
ပန်းကလေးတမျှ
လှပလန်းဆန်းခါ
စမ်းရေလိုအေးချမ်းပါစေ...



***စံလွန်းတင်**

No comments:

Post a Comment