စာ

ဘုရား၊တရား၊သံဃာ၊မိဘဆရာသမားတို့ ကိုဦးထိပ်ထားလျက်.....ညီညွတ်ညိန်း

Friday, 28 September 2012

**အချစ်ပန်းတစ်ပွင့်**...

ဝင်းဝင်းပပ
ချစ်စဖွယ်မျက်နှာလေးနဲ့
မိုးနတ်သူဇာလို
လှပကျော့ရှင်းတယ်...


မြင်လျှင်မြင်ချင်းပဲ
မေတ္တာကြိုးကလေးသွယ်
အသည်းစွဲချစ်မိတယ်


အချစ်ပန်းတစ်ပွင့်ကို
ခူးချင်ပါတယ်
သို့ပေမဲ့လဲ
ဆွတ်ချူဖို့ရန်
တကယ်ခက်လှပါတယ်...


အမြင်နီးပြီးဝေးတဲ့
တောင်တက်ခရီးလို
ခင်နဲ့မောင်ဆုံရန်
ခက်လှပါတယ်...


မှန်းဆလို့အမြဲ
တမ်းတခါလွမ်းမိတယ်
တရေးမှေးစက်
အိပ်စက်ချိန်လေး
အိမ်မက်မှာပဲ
ခင်နဲ့နီးရတယ်...

ဘယ်သောအခါဝယ်
နီးကြရမယ်
စိတ်ဝယ်တမ်းတ
မှန်းဆမိပါတယ်...

ခုံးမြတ်စသုံးရက်
"လ"ကလေးလို
အပြုံးကလေး
နှလုံးအေးစေတယ်...


တစ်သက်လုံး
မမုန်းပဲဘဝဆုံးတိုင်
ချစ်ခွင့်ပေးပါတော့
ခင်ခင်နှမရယ်
ကြင်နာပါရစေ...




နှစ်ဖြာသုခချမ်းသာကြပါစေ.........ခေတ်သစ်မင်းနန္ဒာ

No comments:

Post a Comment