စာ

ဘုရား၊တရား၊သံဃာ၊မိဘဆရာသမားတို့ ကိုဦးထိပ်ထားလျက်.....ညီညွတ်ညိန်း

Friday, 21 September 2012

***ချစ်သူထံပါး**.....

***ချစ်သူထံပါး**.....


ချစ်သူရေ...

ငွေသောင်ယံဝယ်

ဇင်ယော်မောင်နှံ

လှောင်ပြောင်နေတယ်

အရောင်တောက်နေတဲ့

ညနေဆည်းဆာ

မီးတစ်စအလား

ရင်သို့ပူစေပြီ...




သန်းခေါင်ကျော်မိုးလင်း

အိပ်ရေးပျက်တဲ့

ညနက်နက်တွေ

အလှပျက်နေတဲ့မြင်ကွင်း

ရင်တွင်းကအပူမီးတစ်စ

ငြိမ်းဖို့ဆိုတာ

ရေစင်တစ်ခွက်

မင်းပေးဆပ်မှ

ရင်မှအပူငြိမ်း

စိတ်နှလုံးလေး

ရွှင်ပြုံးမည်...




အလွမ်းတစ်ခုကို

သက်သေပြု

မျက်ရည်ထုတို့သည်

ချစ်သူထံပါး

ခစားဝင်ရောက်

သံတော်လျှောက်

နှလုံးသားသခင်

သိပါစေ...




***စံလွန်းတင်**



နှစ်ဖြာသုခချမ်းသာကြပါစေ.....ခေတ်သစ်မင်းနန

No comments:

Post a Comment