စာ

ဘုရား၊တရား၊သံဃာ၊မိဘဆရာသမားတို့ ကိုဦးထိပ်ထားလျက်.....ညီညွတ်ညိန်း

Saturday, 22 September 2012

***ကျိန်စာသင့်ခဲ့လေသလား..... ?**.....

ပုဂံမြို့ဟောင်းတစ်နေရာ

တစ်ဝဂူအနီးဆီက

စောင်းသံကြားရရင်

ရင်းတွင်းမှာမဖြေသာ....




ပုဂံရာဇဝင်

စောင်းအိုလုလင်

တီးခက်စောင်းလက်သံ

ဘုရင်အပါးခစားလို့ရယ်

ရွှေနားတော်ဆက်သခဲ့တယ်.....



မြင်တွေ့ပါများ

လှထိပ်ခေါင်လေးအား

မေတ္တာကြိုးသွယ်

သံယောဇဉ်ဖြစ်ခဲ့မိလေတယ်...


ပျော်မဆုံးချစ်နေတုန်း

ဘုရင်ထံပါး

ရွှေနားတော်ပေါက်ကြားခဲ့လေတယ်...



ရာဇဘုရင်မြတ်မာန်ရှခါပင်

ချစ်သူနှစ်ဦးကိုရယ်

ဂူသွင်းကာသတ်စေတယ်

ရင်နာဖွယ်ရာ

ဒီဇာတ်လမ်းမှာ

ချစ်သူနဲ့ပေါင်းရသည့်တိုင်

အသက်ကိုစတေးခံရတယ်...


ရင်နင့်ဖွယ်ဇာတ်လမ်း

မှတ်တမ်းတစ်ခုဖြစ်ခဲ့ရပြီလေ...






***စံလွန်းတင်**





နှစ်ဖြာသုခချမ်းသာကြပါစေ.....ခေတ်သစ်မင်းနန္ဒာ

No comments:

Post a Comment