စာ

ဘုရား၊တရား၊သံဃာ၊မိဘဆရာသမားတို့ ကိုဦးထိပ်ထားလျက်.....ညီညွတ်ညိန်း

Saturday, 22 September 2012

***ဝါဆိုနဲ့အတူ**


ဝါဆိုနဲ့အတူ
ပုန်းညက်ကယ်
ခိုင်ပင်မင်း
သင်းပျံ့ပျံ့
ရနံ့ငယ်ဖြာကြူ...



မြတ်လေးစံပယ်
ပင်ယံမှာညှာတံ
ဆင့်ပါလို့
အပွင့်ဖွေးဖွေး
လေပြေဆော့သွေး
ရနံ့မွေးလေပြီ...



ထက်အာကာတစ်ခွင်
လျှပ်နွယ်လျှပ်ပန်း
တိမ်ညိုအုံ့ဆိုင်း
ရွှေပစ္စုန်မိုးနတ်စည်
ရိုက်သွင်းကာ
ဆော်တီးလို့မည်...


ကောက်စိုက်သမလေးတွေ
တေးသံကဝေစည်
ဒီလိုချိန်မိုးလအခါ
လွမ်းစိတ်ပိုသူမှာ
တမ်းတစိတ်တို့က
ထိန်းချုပ်ခက်နေပြီ...


ပါးပြင်ပေါ်ဝယ်
ခိုတွယ်ကာ
စီးဆင်းနေတဲ့
မျက်ရည်ပုလဲတွေ
စိုရွဲကာနေ...



ရွှေမိုးပစ္စုန်ရှင်ရယ်
အငြိုးမာန်ဖွဲ့
သည်းနေတာလားကွယ်...




နှစ်ဖြာသုခချမ်းသာကြပါစေ.........ခေတ်သစ်မင်းနန္ဒာ

No comments:

Post a Comment