စာ

ဘုရား၊တရား၊သံဃာ၊မိဘဆရာသမားတို့ ကိုဦးထိပ်ထားလျက်.....ညီညွတ်ညိန်း

Saturday, 22 September 2012

***ကျွန်တော်မွေးရပ်မြေလာလည်စေချင်**...


စိန်းပန်းမြေဆီ

လာလည်စေချင်

အညာမြေအလှ

တောသဘာဝ

တောအလှများ

ရှုမဝခံစား

စိတ်အပန်းဖြေလှည့်

အညာထွက်ထန်းလျှက်

ချိုတစ်မြမြ

ဧည့်ဝတ်ကျေပါ့မယ်...


ကြည်ညိုဖွယ်ရာ

စေတီဘုရား

ပေါကြွယ်လှ

တရားရိပ်ဝယ်

မှေးစက်နိုင်...


ထန်းပင်ထန်းတော

လွမ်းမောစရာ

တမာပင်တန်းတွေ

ဝေဝေစည်...


ဖုန်းလုံးတစ်လိမ့်လိမ့်

လှည်းယဉ်ငြိမ့်ငြိမ့်

အညာမြေအလှ

ရှုစားလှည့်

ဆွေသဟာတွေ

အညာမြေဆီ

တစ်ခါတစ်ခေါက်

လာရောက်စေချင်

ဖိတ်ခေါ်ထာဝစဉ်...



***စံလွန်းတင်**




နှစ်ဖြာသုခချမ်းသာကြပါစေ.....ခေတ်သစ်မင်းနန္ဒာ

No comments:

Post a Comment