စာ

ဘုရား၊တရား၊သံဃာ၊မိဘဆရာသမားတို့ ကိုဦးထိပ်ထားလျက်.....ညီညွတ်ညိန်း

Friday, 21 September 2012

***အချစ်ပန်းဆိုတာ**.....(*သခင်သို့*)

***အချစ်ပန်းဆိုတာ**.....(*သခင်သို့*)


လွင့်ကြွေဖို့တော့
ပွင့်မနေပရစေနဲ့
အရှင်ဘုရား
သခင်ခြေရင်းမှာ
အမြဲခစားနေမဲ့အစား
အရိပ်လဲရ
ပန်းဘဝသပြေ
ဖြစ်ပရစေ...




အစဉ်အမြဲရှိသည်
သခင်ပဲ
သိစေလို့ပါတယ်
ညှီတွယ်နေတဲ့ကြိုးတစ
ဖြတ်မရမဲ့အတူတူ
ထပ်တိုးခါပဲ
ချည်ပရစေတော့...




တသက်မညှိုးပါပဲ
မြတ်နိုးစွာနဲ့
ထာဝစဉ်
ပွင့်လန်းအချစ်ပန်း
ပွင့်လန်းပရစေတော့...




သခင်လက်အတွင်းဝယ်
ကြွေဆင်းရမဲ့ဆိုလဲ
မပျက်ယွင်းမေတ္တာနဲ့
အသည်းညှာဆက်လို့
တဘဝစာပဲချစ်ပရစေ...



တခဏတာအချစ်နှင့်
အလှမပျက်ယွင်း
ပါရစေနဲ့
ထာဝရချစ်ခြင်းကိုသာ
မျှော်လင့်ပါတယ်...





***စံလွန်းတင်**





နှစ်ဖြာသုခချမ်းသာကြပါစေ.........ခေတ်သစ်မင်းနန္ဒာ

No comments:

Post a Comment