စာ

ဘုရား၊တရား၊သံဃာ၊မိဘဆရာသမားတို့ ကိုဦးထိပ်ထားလျက်.....ညီညွတ်ညိန်း

Saturday, 22 September 2012

***အဖော်မဲ့ခရီးသည်**....


သံသရာဒီခရီး

လာလမ်းမှာလဲ

တစ်ယောက်တည်း

ပြန်သွားတော့လဲ

တစ်ယောက်တည်း

အဖော်မဲ့ခရီးသည်...


အသက်ရှိစဉ်ဝယ်

မေ့လျှော့ပေါ့ဆ

နေခဲ့ပါက

ငါသေသွားသောအခါဝယ်

ဘာတွေပါလာမလဲ

တွေးတော့မနေနဲ့

လက်ချည်ဗလာသက်သက်

ပြန်သွားရမည်မှတ်...



နေဝင်တာများခဲ့ပြီ

သေနယ်ရွာကူးရန်

နီးခဲ့ပြီ...


မာတာပိတုမိနဲ့ဖ

ချစ်သောသူများနဲ့လဲ

ခွဲရပေမည်...




***စံလွန်းတင်**





နှစ်ဖြာသုခချမ်းသာကြပါစေ.........ခေတ်သစ်မင်းနန္ဒာ

No comments:

Post a Comment